Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး က BRICS နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်

စက်တင်ဘာ ၂၇ ရက် ၌ နယူးယောက် မြို့တွင် ကျင်းပ ပြုလုပ်သည့် BRICS နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က စက်တင်ဘာ ၂၇ ရက် ၌ နယူးယောက် မြို့တွင် ကျင်းပ ပြုလုပ်သည့် BRICS နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကို တက်ရောက် ခဲ့သည်။

အစည်းအဝေး တွင် ဝမ်ရိ က ဇူလိုင်လ တွင် BRICS အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များ က ဂျိုဟန်နက်စ်ဘာ့ဂ် ၌ အောင်မြင်စွာ အစည်းအဝေး တစ်ရပ် ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး BRICS အဖွဲ့အစည်း ၏ စည်းလုံးညီညွတ်မှု နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လိုမှု တို့ကို ပေါ်လွင် စေခဲ့ကြောင်း ၊ လက်ရှိချိန်တွင် BRICS ၏ သဘောထားရပ်တည်မှု နှင့် မူဝါဒ တို့က နိုင်ငံတကာ တွင် ကျယ်ပြန့်စွာ လက်ခံမှု နှင့် အလေးထားမှု ကို ရရှိခဲ့ကြောင်း ၊ အနာဂတ် တွင် BRICS အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို ခိုင်မြဲစွာ ထိန်းသိမ်းခြင်း ၊ ဆွေးနွေးညှိနှိုင်းမှု ဖြင့် အရေးပါသည့် ကိစ္စရပ်များအား ဖြေရှင်ရန် တွန်းအားပေး ဆောင်ရွက်ခြင်း ၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စိန်ခေါ်မှု အား စည်းလုံးညီညွတ်စွာ ရင်ဆိုင်ခြင်း ၊ BRICS နိုင်ငံများအကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ခြင်း တို့အား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရမည် ဖြစ်ကြောင်း ၊ BRICS အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် BRICS စိတ်ဓာတ် ကို ပြန့်ပွား အောင်ဆောင်ရွက်သွားပြီး BRICS နိုင်ငံများ ဆက်ဆံရေး အား ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ BRICS ပူးပေါင်းဆောင်ရွက်မှု ဒုတိယမြောက် ရွှေရောင် အနာဂတ် ၁၀ နှစ် အား ပိုမိုတောက်ပအောင် ဆောင်ရွက်ပြီး BRICS နှင့် ကမ္ဘာ့ပြည်သူလူထု တို့အား အကျိုးဖြစ်ထွန်း အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

BRICS နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် ဂျိုဟန်နက်စ်ဘာ့ဂ် BRICS အစည်းအဝေး ၌ အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင် တို့မှ ရရှိခဲ့သည့် သဘောတူညီချက် ကို ကြိုးပမ်း အကောင်အထည် ဖော်သွားရန် ၊ မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှု များကို တိုးချဲ့သွားပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းစေကာ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ကို အကောင်အထည် ဖော်ရန် ၊ ကုလသမဂ္ဂ ၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ကို အကောင်အထည် ဖော်ပြီး နိုင်ငံတကာ အဖွဲ့အစည်း နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို ခိုင်မြဲစွာ ထောက်ခံပြီး နိုင်ငံတကာ ဥပဒေ နှင့် စည်းစနစ်များကို ထိန်းသိမ်းကာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ ကို ဆန့်ကျင်ကြောင်း သဘောတူညီခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.