Connect with us

Politics, Law & Military

[တောင်တရုတ်ပင်လယ် စီရင်မှု ဆန်းစစ်ချက်-၁] တောင်တရုတ်ပင်လယ်အရေး ဥပဒေကြောင်း ချွတ်ယွင်းချက် (၃) ချက်ရှိ

တောင်တရုတ်ပင်လယ် အားတွေ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ် အငြင်းပွားမှု နှင့် ပတ်သက်ပြီး နယ်သာလန်နိုင်ငံ ဟိတ်မြို့၌ အခြေစိုက်ထားသည့် နိုင်ငံတကာခုံရုံး Permanent Court of Arbitrition (PCA) က ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် အမိန့်စီရင်ချက်ချမှတ်သွားမည်ဟု PCA အတွင်းရေးမှူးရုံး ကကြေညာချက် ထုတ်ပြန်ထားသော်လည်း တရုတ်နိုင်ငံအနေဖြင့်မည်သည့် စီရင်ချက်ကိုမျှ လက်ခံသွားမည် မဟုတ်ပါ။

PCA ၏ စီရင်ချက်သည် ဥပဒေ နှင့် ညီညွတ်မှုမရှိသည့်အပြင် ခုံရုံး၏ စီမံခန့်ခွဲမှု နှင့် စီရင်ပိုင်ခွင့်ကိုလည်း အသိအမှတ်ပြု မည်မဟုတ်ကြောင်း တရုတ်နိုင်ငံက အကြိမ်ကြိမ်ရှင်းလင်းတုံ့ ပြန်ထားပြီးဖြစ်သည်။

ဖိလစ်ပိုင် နှင့် အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့်အဖွဲ့အစည်းအသီးသီးက သိရှိထားပြီးဖြစ်သည့် အတိုင်း PCA ၏ စီရင်ချက်သည် တောင်တရုတ်ပင်လယ် အရေးအခင်းကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ အဆိုပါ စီရင်ချက်သည် ဥပဒေအရ ကြီးလေးသော အပြစ်အနာအဆာများရှိနေသည့်အတွက် တောင်တရုတ်ပင်လယ် ပြဿနာကိုပို၍ ရှုပ်ထွေးစေနိုင်သလို ဖြေရှင်းမှုအပိုင်းတွင်လည်း ပို၍ ခက်ခဲသွားစေနိုင်ပါသည်။

ထို့ပြင် ၎င်းစီရင်ချက်ကြောင့် နိုင်ငံတကာ ဥပဒေ၏ မှန်ကန်ခြင်း နှင့် တရားမျှတခြင်းအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ဒေသတွင်းလုံခြုံရေးစနစ်နှင့် တွေ့ဆုံဆွေးနွေးရေးစနစ်များကိုပါ ပျက်ပြားသွားစေနိုင်ပါသည်။ ထို့ပြင် ကုလသမဂ္ဂ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေ၏ ပြီးပြည့်စုံမှု နှင့် အာဏာသက်ရောက်မှုအပိုင်းကိုလည်း အလွန်အမင်း ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေပါသည်။

တရုတ် နှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် အခြားအာဆီယံနိုင်ငံများရှေ့မှောက်၌ ၂ဝ၁၂ ခုနှစ်တွင် တောင်တရုတ်ပင်လယ်အရေး နှင့် ပတ်သက်သော ကြေညာစာတမ်း (Declaration on the Conduct of Parties ) ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ပထမအချက် အနေဖြင့် ထောက်ပြရမည်ဆိုပါက စီရင်ချက်သည် တောင်တရုတ်ပင်လယ် ဒေသတွင်းရှိ ဥပဒေများ နှင့် အခြေခံ စည်းမျဉ်းစည်းကမ်းများ၏ အခြေခံမူများကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။

မည်သည့် သဘောတူညီချက်မဆို နိုင်ငံတကာ ဥပဒေ အားလုံး ကိုယ်စားပြုမည်မဟုတ်ပါ။ ၁၉၄၅ ခုနှစ်မှ စတင်ကာ ကမ္ဘာတစ်ဝန်းတွင် သဘောတူညီချက်ပေါင်း ၅ဝဝဝဝ ကျော်ကို ပြဌာန်းခဲ့ပါသည်။

အဆိုပါ သဘောတူညီချက်များသည် နိုင်ငံတကာ ဥပဒေအားလုံး၏ အရေးကြီးသော အခြေခံအရင်းအမြစ်များဖြစ်ပါသည်။ သြဇာကြီးမားသော ဗြိတိသျှ နာမည်ကျော် ဥပဒေပညာရှင် Malcolm Shaw က နိုင်ငံတကာ ဥပဒေများကို အတိအကျပြောဆိုမှုရှိခဲ့သည်။ “ တောင်တရုတ် ပင်လယ်နိုင်ငံအသီးသီး၏ လုပ်ဆောင်မှု ကြေညာစာတမ်း”သည် တောင်တရုတ်ပင်လယ် ဒေသများ နှင့် အဖွဲ့အစည်းများ၏ အခြေခံမူများ ဖြစ်သည်။

၎င်းတို့အနက် “ ကြေညာစာတမ်းအပိုဒ် – ၄ ” သည် အငြင်းပွားနိုင်ငံများတိုက်ရိုက်ဆွေးနွေးအဖြေရှာခြင်းကို ထင်ရှားစွာ သတ်မှတ်ထားသည်။ “ ကုလသမဂ္ဂ နိုင်ငံတကာ ဥပဒေစာချုပ် ” အပိုဒ်(၁၅)တွင်လည်း အငြင်းပွားဖြေရှင်းသော စံနစ်တွင် ပထမဦးစွာ နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရမည်ဖြစ်ကြောင်း အားလုံးသော အငြင်းပွားမူကို ပထမဦးစွာချုပ်ဆိုသော နိုင်ငံများသည် မိမိတို့ဘာသာငြိမ်းချမ်းသောနည်းလမ်းကို ရွေးချယ်နိုင်ကြောင်းဟု သတ်မှတ်ထားသည်။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ PCA ခုံရုံးသည် ဖိလစ်ပိုင်နိုင်ငံ၏ တစ်ဖက်သတ် တောင်းဆိုမှုကို လိုက်လျောပြီး ကြေညာစာတမ်းကို လုံးဝမျက်ကွယ်ပြုကာတွေ့ဆုံဆွေးနွေးသောစနစ် နှင့် မူဘောင်ကို ထိရောက်စွာ အသုံးမပြုခဲ့ပါ။ ခုံရုံးသည် နိုင်ငံတကာဥပဒေ၏ ကာကွယ်မှုအောက်တွင်ရှိသော ငြိမ်းချမ်းစွာတွေ့ ဆုံဆွေးနွေးသော မူဘောင်ကို အထက်စီးနေကြောင်းတွေ့ရသည်။ ၎င်းဖြစ်ရပ်သည် နိုင်ငံတကာ ဥပဒေ နှင့် ဒေသတွင်း ငြိမ်းချမ်းစွာတွေ့ ဆုံဆွေးနွေးသော စနစ်ကို ထိခိုက်ပျက်ပြားစေသည်။ ၎င်းသည် အာဏာကို အလွန်အကျွံ သုံးစွဲခြင်းဖြစ်ကြောင်း ပြသနေသည်။

ဒုတိယအချက် အနေဖြင့် ထောက်ပြရမည်ဆိုပါက – နိုင်ငံတကာဥပဒေ အကျိုးရှုထောင့်မှကြည့်လျှင်ခုံရုံးသည် ကြေညာစာတမ်း ချုပ်ဆိုထားသော နိုင်ငံများ၏ ခံစားခွင့်ကိုချိုးဖောက်ခြင်းဖြစ်သည်။

အမေရိကန်(Brookings Institute) ယခုနှစ် မေလပိုင်းက ထုတ်ပြန်သော တောင်တရုတ်ပင်လယ်အရေးပေါ် ကန့်သတ်ချက် အစီရင်ခံစာတွင် ထောက်ပြထားသည်မှာ တောင်တရုတ်ပင်လယ် အရေးတွင် ကန့်သတ်ချက်များ ရှိနေကြောင်းဖော်ပြပါရှိသည်။

တစ်ဖက်တွင် နိုင်ငံအသီးသီးက တရုတ်ပြည်၏ မူလတောင်းဆိုသောအပိုဒ် ၂၉၈ အပေါ် ဖယ်ရှားသောကြေညာချက် အသက်ဝင်ကြောင်း၊တရုတ်ကရေပိုင်နက် နှင့် ပတ်သက်သော သမိုင်းဝင် ပင်လယ်ကွေ့(သို့မဟုတ်)ခံစားထိုက်သော အငြင်းပွားမှုများကို ကြေညာစာတမ်း အငြင်းပွားမှုဖြေရှင်းနည်းလမ်းအပြင်ဖက်သို့ ပစ်ပယ်ထားသည်။

တတိယအချက် အနေဖြင့် ထောက်ပြရမည်ဆိုပါက – စီရင်ချက်၏ အကျိုးဆက်ကိုကြည့်လျှင်တောင်တရုတ်ပင်လယ်၏ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ခြင်းမရှိပါ။ မည်သည့် နိုင်ငံတကာဥပဒေရေးရာ ကိစ္စများတွင်မဆို နောက်ဆုံးရည်ရွယ်ချက်သည် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းစမြဲ ဖြစ်သည်။

ဒေသအခြေအနေကို မရှုပ်ထွေးစေရ ၊ အကြပ်အတည်းမဖြစ်စေရ၊ သို့သော်လက်တွေ့ ဖြစ်နေသည်မှာ စီရင်ချက်ချခြင်းအမှုတွင် တောင်တရုတ်ပင်လယ်၏ အခြေအနေကကိုပို၍ ရှုပ်ထွေးစေသည်။ပြင်ပအင်အား၏ စွက်ဖက်ခြင်းခံနေရ၍ ပင်လယ်ပြင်လုံခြုံရေးကို ထိခိုက်စေသည်။ ပတ်ဝန်းကျင်နိုင်ငံများနေပြည်သူများ၏ စားသောက်နေထိုင်ရေးကိုလည်း ထိခိုက်စေသည်။

အပြီးသတ်စီရင်ချက်ချသော အမှုကိစ္စမှအစပြုပြီး တရုတ် နှင့် ASEAN နိုင်ငံများကြိုးပမ်းခဲ့သော“ ကြေညာချက်စာတမ်း”ကိုမိုက်မဲစွာ ဘေးဖယ်ထားခြင်းသည် စစ်စစ်တွင်ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဒေသတွင်းပြဿနာများဖြေရှင်းမှုကို ပျက်ပြားစေသည်။

အဆိုပါ အရေးကိစ္စဖြစ်ပေါ် ကတည်းကအမေရိကန် စစ်လေယာဉ်များသည် တောင်တရုတ်ပင်လယ်ပြင်ပေါ်တွင် ထွက်ပေါ်လာကြပြီးဒေသတွင်း အခြေအနေကို တင်းမာစေခဲ့၍ လွတ်လပ်စွာသွားလာနေသော နိုင်ငံအသီးသီးတို့၏ ကုန်တင်ရေယာဉ်များကို ခြိမ်ခြောက်နေစေခဲ့သည်။ ယင်းအရေးကိစ္စကြောင့် ASEAN ဒေသတွင်း၌ အမြင်ကွဲပြားမှုများ တိုးပွားစေပြီး အချို့အစည်းအဝေးများ ပျက်ပြားသည်အထိ ဖြစ်ခဲ့ရသည်။ ယင်းအတွက်ကြောင့်ပင် အချို့သော ဖိလစ်ပိုင်တံငါသည်များလည်း ဘဝအခက်အခဲများကြုံတွေ့ခဲ့ရပြီး မူလရှိရင်းစွဲ ပြည်သူများ၏ ဘဝအခြေအနေများကိုလည်း ပျက်ပြားစေသည်။

ယင်းစီရင်ချက်မျိုးသည် မည်သည့်အရာမျှ မစွမ်းဆောင်နိုင်ပြီးဆန့်ကျင်ဖက်အနေဖြင့် တောင်တရုတ်ပင်လယ် အရေးကိုပို၍ ရှုပ်ထွေးစေပြီး နိုင်ငံရေး နှင့်လုံခြုံရေးအစီအစဉ်များစည်းမဲ့ကမ်းမဲ့ အနေအထားမျိုး ဖြစ်ပေါ်စေခဲ့သည်။တောင်တရုတ်ပင်လယ်သည် နဂိုကမည်သည့် အရေးကိစ္စမျှ မရှိခဲ့ပါ။အဘယ်ကြောင့် ဖန်တီးနေသနည်း။ နှစ်ပေါင်း ထောင်ချီသော တောင်တရုတ်ပင်လယ်သမိုင်းတွင် အိမ်နီးချင်းနိုင်ငံများရင်းနှီးစွာကူးလူးဆက်ဆံ၍အချင်းချင်းနားလည်မှုရှိရုံမက အချင်းချင်းအပြန်အလှန် အကျိုးပြု ဖြစ်ထွန်းနေခဲ့ပါသည်။ ယနေ့တွင်အကွဲအပြဲမှာ ပြင်ပအင်အား သွေးထိုးလှုံ့ဆော်ခြင်း၏ ရလဒ်ဖြစ်ကြောင်း ယုံမှားသံသယ ဖြစ်စရာမရှိပေ။ မည်သူ့ကို အကျိုးပြုနေသလဲဆိုသည်ကို သတိပြုသင့်ပါသည်။ (Xinhua)