ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် အကြောင်းအရာများ ထုတ်လုပ်ဖန်တီးပေးနိုင်သော ဉာဏ်ရည်တုနည်းပညာ (generative AI) အသုံးပြုသူ အရေအတွက်မှာ ၆ လအတွင်း နှစ်ဆနီးပါးမြင့်တက်လာမှုနှင့်အတူ ၂၀၂၅ ခုနှစ် ဇွန်လကုန်တွင် ၅၁၅ သန်းအထိရှိလာကြောင်း အောက်တိုဘာ ၁၈ ရက်ကထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ရပ်အရသိရသည်။
ဘန်ကောက်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ အာကာသလုပ်ငန်းပြပွဲကို အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့ရာ တရုတ်-ထိုင်း အာကာသကဏ္ဍ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုသည် ပြပွဲ၏ ထူးခြားချက်များအနက် တစ်ခုဖြစ်ခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဝူးကျန့်ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၌ နိုဝင်ဘာ ၆ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး Cyberspace နယ်ပယ်တွင် အေးအတူပူ အမျှအနာဂတ်အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် အာရုံစိုက်ထားကြောင်း ပွဲစီစဉ်သူများ၏ ပြောကြားမှုအရ...
ရှန်ဟိုင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အလိုအလျောက် ကွန်တိန်နာ အတင်အချဆိပ်ကမ်းပေါင်း ၆၀ တည်ဆောက်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ခေတ်မီဆိပ်ကမ်းတည်ဆောက်ရေးကဏ္ဍတွင် ဆက်လက်ဦးဆောင်နေကြောင်း အောက်တိုဘာ ၁၇ ရက်ကျင်းပခဲ့သည့် ၂၀၂၅ North Bund ဖိုရမ် အကြိုသတင်းစာရှင်းလင်းပွဲအရ သိရသည်။ တရုတ်နိုင်ငံသည် အလိုအလျောက် ကွန်တိန်နာအတင်အချဆိပ်ကမ်းများ၏...
ထိုက်ယွမ်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအုပ်စုသစ်တစ်ခုကို အောက်တိုဘာ ၁၇ ရက်က အာကာသထဲသို့ လွှတ်တင်ခဲ့သည်။ တရုတ်နိုင်ငံ၏ ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် စီးပွားဖြစ်ဂြိုဟ်တုကွန်ရက်ဖြစ်သော Spacesail ဂြိုဟ်တုအစုအဝေး ပါဝင်သည့် အဆိုပါဂြိုဟ်တုအုပ်စုကို ပြုပြင်မွမ်းမံထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံဖြင့်...
ထျန်းကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အရပ်ဘက်ရဟတ်ယာဉ်အရေအတွက်မှာ လာမည့် ၂၀၂၉ ခုနှစ်မတိုင်မီ အစင်းရေ ၁,၇၀၀ ထက် ကျော်လွန်ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း လေကြောင်းသုတေသနစင်တာ တစ်ခုမှ ထုတ်ပြန်သော နှစ်စဉ်ခန့်မှန်းချက်အရသိရသည်။ အဆိုပါအစီရင်ခံစာကို တရုတ် လေကြောင်းစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (AVIC) အရပ်ဘက်လေယာဉ် စနစ်များ အင်ဂျင်နီယာဆိုင်ရာသုတေသနစင်တာက...
ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ Long March ဒုံးပျံစီးရီးသည် အင်တာနက်ဂြိုဟ်တုများကို ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဖြန့်ကြက်ပို့ဆောင်နိုင်ခဲ့ခြင်းဖြင့် ၎င်း၏အကြိမ် ၆၀၀ မြောက် အာကာသသို့လွှတ်တင်မှုကို အောက်တိုဘာ ၁၇ ရက်တွင် အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ ကျောရိုးပင်မဂြိုဟ်တုလွှတ်တင်ရေးယာဥ်များအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် Long...
ကွမ်ကျိုး၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ၁၃၈ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲကို အောက်တိုဘာ၁၅ ရက်က ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ကုန်စည်ပြပွဲတွင် ဝန်ဆောင်မှုစက်ရုပ်များဇုန်ကိုလည်း ထည့်သွင်းခဲ့ပြီး လူပုံစံတူစက်ရုပ်များ၊ အရိုးငြမ်းစက်ရုပ်များ၊ ကင်းလှည့်စက်ရုပ်အလုံးများ စသည့် နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုများကို ခင်းကျင်းပြသလျက်ရှိကြောင်း...
ထျန်းကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ခုနစ်ကြိမ်မြောက် တရုတ်ရဟတ်ယာဉ်ပြပွဲကို အောက်တိုဘာ ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ တိုးချဲ့ထည့်သွင်းထားသည့် ဝေဟင်နိမ့်စီးပွားရေး ပြခန်းဧရိယာတစ်ခု ပါဝင်သကဲ့သို့ စစ်ဘက်နှင့် အရပ်ဘက်သုံး ရဟတ်ယာဉ်အများအပြားနှင့် အခြား ဝေဟင်နိမ့်ပျံသန်းရေး လေယာဉ်အမျိုးအစားများကိုလည်း ပွဲဦးထွက် မိတ်ဆက်ပြသခဲ့ကြောင်း...
ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်သုတေသီများက ဒြပ်မှုန်များ သို့မဟုတ် ဆဲလ်များကို ကိုင်တွယ်ခြင်း၊ ပို့ဆောင်ခြင်းနှင့် ထုတ်လွှတ်ခြင်းကဲ့သို့သော အနုစိတ်လှုပ်ရှားမှုများကို အောင်မြင်စွာလုပ်ဆောင်နိုင်ရန် လူ့ဆံပင် တစ်ချောင်း၏အချင်းထက် ပိုမိုသေးငယ်သည့် ၄၀ မိုက်ခရိုမီတာခန့် အရွယ်အစားသာရှိသော သုံးဖက်မြင်လက်ပုံစံ မိုက်ခရိုစက်ရုပ်ကို တီထွင်နိုင်ခဲ့ကြောင်း အထူးထုတ်လုပ်မှုများဆိုင်ရာ နိုင်ငံတကာဂျာနယ်တွင် ဖော်ပြထားသော...