ပေကျင်း၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တွေ့ရှိရသည့် ဒိုင်နိုဆောခြေရာ ကျောက်ဖြစ်ရုပ်ကြွင်း (၁၁၄)ခုသည် လွန်ခဲ့သည့်နှစ် သန်းပေါင်း (၁၃၅) က တီရိုဆော (Pterosaur)ချန်ရစ်ခဲ့သည့် အရိပ်အရာဖြစ်ကြောင်း သိပ္ပံပညာရှင်များက အတည်ပြုခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျောက်တုံးများတွင်...
ကျိုချွမ်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လူလိုက်ပါနိုင်သော အာကာသယာဉ် Shenzhou-12 နှင့် Long March-2F သယ်ဆောင်ရေးဒုံးပျံတို့ ပေါင်းစပ်ယာဉ်အား ဂြိုဟ်တုလွှတ်တင်ရေးနေရာသို့ လွှဲပြောင်းခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သော အာကာသအေဂျင်စီ (CMSA) က ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။ ...
ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထျန်းဝန်-၁ အာကာသယာဉ်က ရိုက်ကူးထားသော ဓာတ်ပုံအသစ်တစ်ပုံကို ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ဓာတ်ပုံတွင် ဂြိုဟ်နီကြီး၏ မျက်နှာပြင်ပေါ်သို့ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်နှင့် ဂြိုဟ်ပေါ်ဆင်းသက်သည့် ပလက်ဖောင်းကို ပြသထားကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၈ ရက်(ဆင်ဟွာ) ရုရှားအာကာသအေဂျင်စီကို ဦးတည်သည့် ပိတ်ဆို့မှုများကို အမေရိကန်က မဖျက်သိမ်းလျှင် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာအာကာသစခန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းမှ ရုရှား နုတ်ထွက်မည်ဖြစ်ပြီး ကိုယ်ပိုင်အာကာသစခန်းတည်ဆောက်မည်ဖြစ်ကြောင်း ရုရှားအာကာသစူးစမ်းလေ့လာရေးဌာန၏ တာဝန်ခံက ဇွန် ၇ ရက်တွင် ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) ကမ္ဘာကြီးအနေဖြင့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် 6G အား စီးပွားဖြစ်အသုံးပြုနိုင်ရန် မြင်တွေ့နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဇွန် ၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ကူမင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်း ကျင်ကျိုက် ဥမင်လိုဏ်ခေါင်းကို ဇွန် ၅ ရက် နံနက်ပိုင်းက လုံခြုံဘေးကင်းစွာ ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ရာ ဥမင်အလွှာပြုလုပ်ခြင်း၊ အတွင်းသားနံရံနှင့် ရထားလမ်းကြောင်း ဆောက်လုပ်ခြင်းစသည့် ကျန်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း China Railway Kunming Group၏ သတင်းများအရ...
ထန်ဆန်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲပေပြည်နယ် ထန်ဆန်းမြို့ရှိ ရှီးဖုန်းခိုအနောက်ဘက် ဖန်းကျားခိုအပိုင်း မဟာတံတိုင်းကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသည်။ ၁၉၇၀ ပြည့်နှစ် များတွင် ဖန်းကျားခိုရေလှောင်ကန်ကို ပြုပြင်တည်ဆောက်ခဲ့ရာ ဖန်းကျားခိုအပိုင်း မဟာတံတိုင်းအစိတ်အပိုင်းတစ်ခု ရေနစ်မြုပ်ခဲ့ပြီးနောက် ရေအောက်မဟာတိုင်း ရှုမြင်ကွင်း ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။ ...
ဟန်ကျိုး၊ ဇွန် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း၏ e-commerce ဗဟိုအချက်အချာဖြစ်သည့် ကျဲ့ကျန်းပြည်နယ်တွင် ၂၀၂၀ နှစ်ကုန်ပိုင်းအထိ 5G အခြေစိုက်စခန်းပေါင်း (၆၂,၆၀၀) တည်ဆောက်ပြီးဖြစ်ကြောင်း ဒေသခံဆက်သွယ်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါ ပုဂ္ဂလိက စီးပွားရေးအချက်အချာ နေရာတွင် ရှေ့ပြေးစီမံကိန်း အမြောက်အမြား ပျိုးထောင်ထားပြီးဖြစ်ရာ...
ရှီးချန်း၊ ဇွန် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာက မိုးလေဝသဂြိုဟ်တု Fengyun-4B (FY-4B)ကို Long March-3B ပို့ဆောင်ရေး ဒုံးပျံဖြင့် ဇွန် ၃ ရက် ၀၀ နာရီ ၁၇ မိနစ်တွင် လွှတ်တင်ခဲ့ရာ သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း သိရသည်။
ချန်ရှား ၊ ဇွန် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ CRRC Zhuzhou Locomotive ကုမ္ပဏီ မှ ထုတ်လုပ်သည့် ပထမဦးဆုံးသော ဥရောပတိုက် သို့ တင်သွင်းပေးသည့် နှစ်ထပ်အမြန်ရားထား တည်ဆောက်မှုပြီးစီး၍ မေလ ၃၁ ရက်တွင် ဈေးကွက်သို့ စတင်တင်ပို့လိုက်သည်။