Connect with us

INTERNATIONAL ORGANIZATION

တရုတ်နိုင်ငံ ပြင်ပ၌ COVID-19 ရောဂါ အတည်ပြုလူနာ ၁,၀၅၀,၈၂၈ ဦး ရှိပြီဟု WHO ဆို

ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ဧပြီ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁,၀၅၀,၈၂၈  ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဧပြီ ၅ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများ အရ  သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါဖြစ်ပွားမှု နေ့စဉ် အစီရင်ခံချက်များအရ ဧပြီ ၅ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီအထိ တရုတ်နိုင်ငံ ပြင်ပ၌ COVID-19 ရောဂါ အတည်ပြုလူနာသည် ပြီးခဲ့သောရက်ကထက် ၈၂,၀၀၆ ဦး ထပ်တိုးခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၁,၀၅၀,၈၂၈  ဦး ရှိပြီဖြစ်ကြောင်း နှင့်ထပ်ထိုးသေဆုံးသူ  ၅,၇၉၅ ဦး ရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၅၉,၄၄၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ရောဂါဖြစ်ပွားသူသည် ပြီးခဲ့သောရက်ကထက် ၈၂,၀၆၁ ဦး ထပ်တိုးလာရာ စုစုပေါင်း အတည်ပြုလူနာ ၁,၁၃၃,၇၅၈ ဦး ရှိကြောင်းနှင့် ထပ်တိုးသေဆုံးသူ ၅,၇၉၈ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၆၂,၇၈၄ ဦး ရှိကြောင်း WHO ကဆိုသည်။ (Xinhua)