Connect with us

WORLD

 ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆုံးဖြတ်ချက် ကုလသမဂ္ဂ အတည်ပြု ၊ ပြင်သစ်နိုင်ငံတွင် တစ်ရက်အတွင်း အတည်ပြုလူနာ ၁ သောင်းကျော်ရှိခဲ့

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသော ၂၀၂၀ ပြည့်နှစ် အနုပညာပြပွဲ မြင်ကွင်းများအား စက်တင်ဘာ ၉ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂညီလာခံတွင် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်းနှင့် ပြင်သစ်နိုင်ငံတွင် တစ်ရက်အတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ ၁ သောင်းကျော် ရှိခဲ့ကြောင်း စက်တင်ဘာ ၁၂ ရက် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စက်တင်ဘာ ၁၂ ရက် ဗဟိုဥရောပစံတော်ချိန်(CET)  ၁၅ နာရီ ၅၉ မိနစ် အထိ ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းCOVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၂၈၇,၉၆၈ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၅,၇၈၃ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၂၈,၃၂၉,၇၉၀ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၉၁၁,၈၇၇ ဦး အသီးသီး ရှိကြောင်း သိရသည်။  

 အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ပေကျင်း စံတော်ချိန် စက်တင်ဘာ ၁၃ ရက် ၆ နာရီ ၂၆ မိနစ်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၂၈,၅၉၃,၂၉၃ ဦး၊  စုစုပေါင်း သေဆုံးသူ ၉၁၇,၃၂၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကိုဗစ် အတည်ပြုလူနာနှင့် သေဆုံးသူ အရေအတွက် အများဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၆,၄၇၈,၂၂၃ ဦး နှင့် သေဆုံးသူ ၁၉၃,၅၂၅ ဦး ရှိကြောင်း သိရသည်။

 

(၂)သတင်းအချက်အလက် စုစည်းချက်များ

 ကုလသမဂ္ဂအထွေထွေညီလာခံက စက်တင်ဘာ ၁၁ ရက်တွင် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ရာ အဖွဲ့ဝင်နိုင်ငံများအားလုံးနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်စွာ အပြန်အလှန်ဖေးမကူညီမှုကို မြှင့်တင်ကာ ကိုဗစ် ကပ်ရောဂါအရေး ဖြေရှင်းကြရန် တိုက်တွန်းခဲ့သည်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်း၊ ဘက်ပေါင်းစုံဝါဒကို အကောင်အထည်ဖော်ခြင်း၊ စည်းလုံးညီညွတ်စွာ အပြန်အလှန်ဖေးမခြင်းသည် တစ်ကမ္ဘာလုံး ကိုဗစ် ကပ်ရောဂါထိရောက်စွာတိုက်ဖျက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်များကို ရင်ဆိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း အဆိုပါ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

 

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသော ၂၀၂၀ ပြည့်နှစ် အနုပညာပြပွဲ မြင်ကွင်းများအား စက်တင်ဘာ ၉ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် ၂၄ နာရီအတွင်း အသစ်ထပ်တိုး အတည်ပြုလူနာ ၁၀,၅၆၁ ဦးဖြင့် စုစုပေါင်း အတည်ပြုလူနာ ၃၇၃,၉၁၁ ဦး ၊ စုစုပေါင်း သေဆုံးသူ ၃၀,၉၁၀ ဦး ရှိပြီဖြစ်ကြောင်း ပြင်သစ် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၂ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများက ဖော်ပြထားသည်။ ၎င်းမှာ ပြင်သစ်၏ တစ်ရက်အတွင်း အသစ်ထပ်တိုးလူနာဦးရေး စံချိန်တင်မြင့်တက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသော ၂၀၂၀ ပြည့်နှစ် အနုပညာပြပွဲ မြင်ကွင်းများအား စက်တင်ဘာ ၉ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်္ဂလန်တွင် ကိုဗစ်ကူးစက်မှုများ မြင့်တက်လျက်ရှိရာ ဒေသခံများအနေဖြင့် သတိဖြင့်နေထိုင်ကြရန် ဗြိတိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံတွင် ယခုကာလများ၌ တစ်ရက်အတွင်း ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာအရေအတွက် အနည်းငယ်မြင့်တက်သည့် အနေအထားတွင်ရှိကြောင်း သိရသည်။ ရုရှား ပညာရှင်များက ကူးစက်မှုများ ယခုကဲ့သို့ မြင့်တက်လာရခြင်းမှာ နွေရာသီ ပိတ်ရက်ကာလအပြီး လူအများ လုပ်ငန်းခွင်နှင့် စာသင်ကျောင်းများသို့ ပြန်လာကြရာတွင် လူအသွားအလာထူထပ်ခြင်းကြောင့် ဖြစ်ကြောင်းနှင့် ရောဂါကာကွယ်တားဆီးရေး စည်းကမ်းချက်များကို လိုက်နာကြရန် နှိုးဆော်ထားကြောင်း သိရသည်။

တောင်ကိုရီးယား ရောဂါ ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ(KCDC)ကို စက်တင်ဘာ ၁၂ ရက်က ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစီမံမှုဌာနအဖြစ်သို့ အဆင့်မြင့်ခဲ့ရာ ၎င်းဌာနသည် ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနလက်အောက်တွင် ဆက်လက်တည်ရှိမည် ဖြစ်ပြီး  ကူးစက်ရောဂါ စိစစ်စောင့်ကြည့်ရေး၊ အကျပ်အတည်း ဖြေရှင်းရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ သီးသန့်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

 ကျူးဘားနိုင်ငံ ဟာဗားနားတွင် ကပ်ရောဂါတစ်ကျော့ပြန်ဖြစ်ပွားမှု ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိသေးသောကြောင့် မူလသတ်မှတ်ထားသည့် စက်တင်ဘာ ၁ရက်မှ ၁၅ ရက်အတွင်း ဆောင်ရွက်မည့် ညမထွက်ရနှင့် ရောဂါထိန်းချုပ်ရေးအစီအမံများကို စက်တင်ဘာ ၃၀ ရက်အထိ တိုးမြှင့်မည်ဖြစ်ကြောင်း ဟာဗားနားပြည်နယ် အစိုးရက စက်တင်ဘာ ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။  

 ပနားမားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်အသစ်ထပ်တိုးလူနာ ၆၁၅ ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၁၃ ဦး ရှိလာရာ စုစုပေါင်း အတည်ပြုလူနာ ၁သိန်းကျော်၊ သေဆုံးသူ စုစုပေါင်း ၂,၁၄၀ ဦး ရှိလာပြီဖြစ်ကြောင်း ပနားမား ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၁ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

 အင်ဂိုလာနိုင်ငံ မြို့တော်လွမ်ဒါတွင် တရုတ်နိုင်ငံ BGI Groupက တာဝန်ယူတည်ဆောက်ပေးသော “Fire’s Eye” ဓါတ်ခွဲခန်းသည် ပြီးခဲ့သည့် ရက်များတွင် ဖွင့်လှစ်ခဲ့ရာ အင်ဂိုလာနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုမြှင့်တင်ရာတွင် များစွာအထောက်အကူဖြစ်စေခဲ့ကြောင်း အင်ဂိုလာနိုင်ငံသို့ သွားရောက်သော BGI Group နည်းပညာအဖွဲ့၏ ပြောကြားချက်များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.