WORLD
အမေရိကန်နိုင်ငံ၌ COVID-19 ဖြစ်ပွားသူ ၃ သိန်းထိရောက်ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ပြော

နယူးယောက် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ၌ ဧပြီ ၄ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၀ မိနစ်ထိ နိုင်ငံတစ်ဝှမ်း COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း အရေအတွက်မှာ အမြင့်ဆုံးပမာဏဖြင့် သုံးသိန်းထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက်အရသိရသည်။
CSSE ၏ ထုတ်ပြန်ချက်ထဲတွင် အမေရိကန်နိုင်ငံတွင် COVID-19 အတည်ပြုလူနာပေါင်း ၃၀၀,၉၁၅ ဦးနှင့် သေဆုံးသူ ၈,၁၆၂ ဦးရှိကြောင်း ဆက်လက် ဖော်ပြထားသည်။(Xinhua)