Connect with us

WORLD

တရုတ်နိုင်ငံမှကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေးများ အင်ဂိုလာနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံအစိုးရ ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့ အင်ဂိုလာနိုင်ငံမြို့တော် လွမ်ဒါ သို့ ရောက်ရှိခဲ့စဉ် (ဆင်ဟွာ)

လွမ်ဒါ ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ အင်ဂိုလာနိုင်ငံအား ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေးများသည် မတ်လ ၂၅ ရက်၌ အင်ဂိုလာနိုင်ငံမြို့တော် လွမ်ဒါသို့ ရောက်ရှိခဲ့သည်။ အင်ဂိုလာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကုံထောင် ၊ အင်ဂိုလာနိုင်ငံ ကျန်းမာရေးဝန်ကြီး Silvia Lutucuta နှင့် သံတမန်ရေးရာပူးပေါင်းဆောင်ရွက်မှုဌာန အတွင်းရေးမှူး Lopes တို့က လေဆိပ်သို့သွားရောက်ကြိုဆိုခဲ့ကြပြီး လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံသံအမတ်ကြီး ကုံထောင်က မိန့်ခွန်းပြောကြားရာတွင် COVID-19 ရောဂါနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တွင် တရုတ်နိုင်ငံနှင့် အင်ဂိုလာနိုင်ငံ အစိုးရတို့က ပြည်သူလူထုသာ အဓိက ၊ လူ့အသက်သည်သာအဓိကဟူသည့် ကျင့်ဝတ်ဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံသည် အင်ဂိုလာနိုင်ငံအား အစောဆုံးကူညီထောက်ပံ့မှုပြုလုပ်ပေးခဲ့သည့်နိုင်ငံဖြစ်ပြီး ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ အကြိမ်ကြိမ်လှူဒါန်းပေးခဲ့ကြောင်း ၊ အင်ဂိုလာနိုင်ငံ ဓာတ်ခွဲခန်းတည်ဆောက်ရေးတွင်လည်းပါဝင်ကူညီပေးခဲ့ပြီး တရုတ်နိုင်ငံမှ ကပ်ရောဂါတိုက်ဖျက်ရေး ဆေးပညာရှင်အဖွဲ့ကိုလည်း အင်ဂိုလာနိုင်ငံသို့စေလွှတ်ပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အင်ဂိုလာနိုင်ငံအား အတတ်နိုင်ဆုံးကူညီပေးသွားမည်ဖြစ်ပြီး ဆက်လက်၍လည်း အင်ဂိုလာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်ဂိုလာနိုင်ငံ ကျန်းမာရေးဝန်ကြီး Silvia Lutucuta က တရုတ်နိုင်ငံသည် အင်ဂိုလာနိုင်ငံအား ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အစောဆုံးကူညီထောက်ပံ့မှုပေးခဲ့သည့်နိုင်ငံဖြစ်ပြီး အင်ဂိုလာနိုင်ငံအား ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ အကြိမ်ကြိမ်ကူညီထောက်ပံ့ပေးခဲ့ကြောင်း ၊ ထို့ပြင်တရုတ်နိုင်ငံက အင်ဂိုလာနိုင်ငံအား ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အတွေ့အကြုံများအား မျှဝေပေးခဲ့ပြီး အင်ဂိုလာနိုင်ငံ ကပ်ရောဂါနှင့်ရင်ဆိုင်ခဲ့ရချိန် ကြုံတွေ့ရသောစိန်ခေါ်မှုများအတွက်လည်း ကူညီပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံသည် အင်ဂိုလာနိုင်ငံအား COVID-19 ရောဂါကာကွယ်ဆေး ကူညီထောက်ပံ့ပေးခဲ့သည့် ပထမဦးဆုံးသော နိုင်ငံဖြစ်သည့်အတွက် တရုတ်နိုင်ငံအား နက်ရှိုင်းစွာကျေးဇူးတင်လိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ယခုအကြိမ် အင်ဂိုလာနိုင်ငံအားကူညီထောက်ပံ့ပေးခဲ့သည့် COVID-19 ရောဂါကာကွယ်ဆေးများက Sinopharm ကုမ္ပဏီမှတီထွင်ထုတ်လုပ်သည့် ကာကွယ်ဆေးများဖြစ်ပြီး လက်ရှိချိန်တွင် နိုင်ငံများစွာ၌ အရေးပေါ်အသုံးပြုခဲ့ရာ ကာကွယ်ပေးနိုင်သည့် စွမ်းရည်အလွန်ကောင်းမွန်ကြောင်းကို အတည်ပြုနိုင်ခဲ့ကာ နိုင်ငံတကာအသိုင်းအဝိုင်းမှ ကျယ်ပြန့်စွာ အသိအမှတ်ပြုခြင်းကို ခံထားရကြောင်း သိရှိရသည်။ (Xinhua)
———————————–
(Chinese Version)
(国际疫情)中国援助疫苗运抵安哥拉
2021-03-26 12:13:27 分类: 医药卫生
  新华社罗安达3月25日电中国援助安哥拉的新冠疫苗25日运抵安首都罗安达。中国驻安哥拉大使龚韬、安卫生部长卢图库塔、外交合作国务秘书洛佩斯等共同赴机场迎接并出席交接仪式。
  龚韬在致辞中表示,面对新冠疫情,中安两国政府都本着人民至上、生命至上原则,积极开展抗疫合作。中国是最先向安哥拉伸出援手的国家,中方向安哥拉捐赠多批抗疫物资,协助安哥拉建设实验室,选派抗疫医疗专家组来安驰援,并协助安方在中国采购大量防疫用品。中方将在力所能及的范围内,继续为安哥拉抗击疫情和经济社会发展提供助力。
  卢图库塔说,中国是最早向安哥拉提供防疫支持的国家,多次向安方提供抗疫物资援助,并同安方分享先进抗疫经验,帮助安方更好应对疫情挑战。中国也是首个向安方提供疫苗援助的国家,安方对中方的无私帮助深表感谢。中方此次援助的疫苗由中国国药集团研发生产,已在多个国家紧急使用并被证实具有非常好的保护效力,得到国际社会广泛认可。(完)

Photo
2020年10月7日,中国政府抗疫医疗专家组成员抵达安哥拉首都罗安达。 新华社发(王乐摄)