Connect with us

WORLD

စင်ကာပူနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံခြင်း တိုးချဲ့လာသဖြင့် COVID-19 ကာကွယ်ရေးဆောင်ရွက်ချက်များ ဖြေလျှော့ပေး

စင်ကာပူနိုင်ငံရှိ Merlion ပန်းခြံ၌ လာရောက်လည်ပတ်သည့် ခရီးသွားများကို တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ မတ် ၂၅ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ဒေသတွင်း ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် ထပ်မံတိုးချဲ့လိုက်သဖြင့် COVID-19 ကာကွယ်ဆေး ဆောင်ရွက်ချက်များကို မတ် ၂၄ ရက်၌ ဖြေလျှော့ပေးလိုက်ကြောင်း ကြေညာခဲ့သည်။

COVID-19 ရောဂါကူးစက်မှုသည် ပြီးခဲ့သည့်လအတွင်း သီတင်းပတ်နှစ်ပတ်ခန့်က ကျဆင်းနေပြီး ဒေသခံ အသိုက်အဝန်းသည် ရောဂါထိန်းချုပ်မှုအောက်တွင် ဆက်လက်ထိန်းထားနိုင်ခဲ့ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန (MOH) က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မတ် ၂၄ ရက်မှစတင်ကာ အသက် ၄၅ နှစ်မှ ၅၉ နှစ်ကြားရှိ ဒေသခံများအနေဖြင့် ကာကွယ်ဆေးထိုးနှံရန် စိတ်ဝင်စားပါက မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် လစ်လပ်နေရာတွင် ကြိုတင်စာရင်းပေးသွင်းပြီးပါက လျှောက်ထားသူများအား အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင် ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးနှံပေးခြင်း စတင်ခဲ့ကြောင်း ယင်းနောက်တွင် အသက် ၆၀ နှစ်မှ ၆၉ နှစ်ကြား သက်ကြီးရွယ်အိုများကို ထိုးနှံပေးခဲ့ကြောင်း၊ မတ် ၂၃ ရက်အထိ လူဦးရေ ၇၉၉,၀၀၀ ကျော်မှာ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်စီထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် နောက်ထပ်တိုးတက်မှုအဖြစ် ဧပြီ ၅ ရက်တွင် ဒေသခံဝန်ထမ်း ၇၅ ရာခိုင်နှုန်းကျော်မှာ ၎င်းတို့၏ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ပြီဖြစ်သည်။

“ဝန်ထမ်းတွေကို နေအိမ်မှအလုပ်လုပ်ကိုင်သည့်စနစ်မှ လုပ်ငန်းအတွက် ပိုမိုသက်သောင့်သက်သာဖြစ်ပြီး အဆင့်မြင့်တဲ့ နည်းလမ်းကို ပြောင်းလဲသွားမယ်” ဟု MOH က ပြောခဲ့သည်။

ထို့ပြင် ဝန်ထမ်းတစ်ဦး၏ လုပ်ငန်းခွင်အချိန် သတ်မှတ်မှုကိုလည်း လျှော့ချသွာမည်ဖြစ်ကြောင်း၊ သို့သော် အလုပ်ရှင်များအနေဖြင့် အလုပ်စတင်ချိန်ကို ဆက်လက်ညှိနှိုင်းသင့်ကြောင်းနှင့် ပြောင်းလွယ်ပြင်လွယ်ရှိသော အလုပ်ချိန် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ထပ်ထိမ်းမြားခြင်းနှင့် မင်္ဂလာဧည့်ခံပွဲများအတွက် ကန့်သတ်မှုကို ဧပြီ ၂၄ ရက်မှစတင်၍ တက်ရောက်သူဦးရေ ၁၀၀ မှ ၂၅၀ အထိ တိုးမြှင့်ပေးသွားမည်ဖြစ်သည်။

သတ်မှတ်ထားသော နေရာများတွင် တိုက်ရိုက်တင်ဆက်မှုများအတွက်လည်း ကြိုတင်စမ်းသပ်ပြင်ဆင်ပြီးပါက တက်ရောက်သူ ၇၅၀ ဦးအထိ ခွင့်ပြုသွားမည်ကာ ကြိုတင်စမ်းသပ်မှု မပြုလုပ်ထားပါက တက်ရောက်သူ ၂၅၀ အထိသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင် မတ် ၂၄ ရက်က COVID-19 ရောဂါဖြစ်ပွားမှုအသစ် ၁၅ ဦးရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ ပြည်ပမှဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Singapore eases preventive measures against COVID-19 while expanding vaccination
Source: Xinhua| 2021-03-25 00:38:04|Editor: huaxia
SINGAPORE, March 24 (Xinhua) — Singapore announced here Wednesday easing a slew of preventive measures against COVID-19 while further expands the local vaccination program.
Singapore’s Ministry of Health (MOH) said in a press release that infection of COVID-19 was kept under control with local community cases remaining low at around two per week in the past month.
Starting from March 24, local residents aged 45 to 59 years old can register their interest for the vaccination. Once there are vacant slots available for booking, the applicants will be notified.
Singapore began vaccinating seniors aged 70 years and above since Feb. 22, which was followed by seniors aged 60 to 69 years-old. As of March 23, more than 799,000 individuals have received at least one dose of the vaccine.
In another development, up to 75 percent of local employees can return to their workplace, which will become effective on April 5.
“We will shift from working-from-home as a default to a more flexible and hybrid way of working,” the MOH said.
Moreover, the current cap on the time an employee spends at the workplace will also be lifted, but employers should continue to stagger start times and implement flexible working hours where possible.
From April 24, the limit for marriage solemnisations and wedding receptions will be increased from the current 100 to 250 attendees.
Live performances at designated venues will be allowed to have up to 750 attendees if they implement pre-event testing, or to have up to 250 attendees if they do not implement pre-event testing.
Singapore Wednesday reported 15 new COVID-19 cases, all being imported ones. Enditem

Tourists visit the Merlion Park in Singapore on March 6, 2020. Major tourist attractions in Singapore saw few tourists amid the COVID-19 epidemic. (Xinhua/Then Chih Wey)