Connect with us

Agriculture

မြေဆီလွှာ အတွင်း၌ ခိုအောင်းလျက် ရှိသော ရေမှာ ခြောက်သွေ့အဆင့်သို့ ရောက်ရှိ၊ စိုက်ပျိုးရေး ကဏ္ဍတွင် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်

မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ မြေဆီလွှာ အတွင်း၌ ခိုအောင်းလျက် ရှိသော ရေမှာ ခြောက်သွေ့အဆင့်သို့ ရောက် ရှိနေပြီ ဖြစ်သဖြင့် စိုက်ပျိုးရေး ကဏ္ဍတွင် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် ထားရန် လိုအပ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

ယခင်နှစ်များက ပုံမှန်ထက် အပူ ချိန်များသည့် ကာလ၌ပင် ဖေဖော်ဝါရီလ နှောင်းပိုင်းမှသာ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ တချို့၌ မြေဆီလွှာ အောင်းရေ ခြောက်သွေ့အဆင့် သို့ ရောက်ရှိခဲ့သော်လည်း ယခုအခါ တစ်နိုင်ငံလုံး အတိုင်းအတာ အထိ ရင်ဆိုင်နေရခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ဒုတိယ ပတ်မှ စ၍ ခြောက်သွေ့အဆင့် သို့ ပထမဆုံးအကြိမ် ရောက်ရှိနေ ခြင်းဖြစ်ကြောင်း သိရသည်။ မိုးရွာသွန်းမှုနှင့် အပူချိန်ကိုတွက် ချက်ထုတ်ပြန်ရသည့် မြေဆီလွှာ ခိုအောင်းရေကို စိုစွတ်၊ ပြည့်ဝနှင့် လိုရေဟူ၍ အဆင့်ဆင့် သတ်မှတ် ထားပြီး ယခု ဖြစ်ပေါ်နေသော အခြေ အနေမှာ လိုရေ အဆင့်ဖြစ်နေ သောကြောင့် မြေဆီလွှာ ခိုအောင်းရေ ခြောက်သွေ့ အဆင့်သို့ ရောက်နေခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ပြီး သတင်း အချက်အလက်များကို သက်ဆိုင်ရာ ဌာနများသို့ ပေးပို့ထားကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.