Connect with us

Culture & Entertainment

ရွှေတိဂုံစေတီတော် သို့ ၂ဝ၁၆(ဒီဇင်ဘာလ)အတွင်း ပြည်ပဧည့်သည် ခုနစ်သောင်းကျော် ဖူးမြော်ကြည်ညို

ရွှေတိဂုံစေတီတော်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာတစ်လတည်းတွင် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ နိုင်ငံခြားသား ၇၅,ဝဝဝ ခန့် ရောက်ရှိဖူးမြော်ကြည်ညိုခဲ့ကြပြီး ထိုင်းနိုင်ငံသားများက အများဆုံးဖြစ်ကြောင်း ၊ အလှူငွေအနေဖြင့် သိန်းပေါင်း ငါးထောင်ကျော် အလှူခံရရှိခဲ့ကြောင်း သိရသည်။

ရောက်ရှိသည့် နိုင်ငံခြားသားများတွင် ထိုင်း ၁၇,၉၄၁ ဦး၊ ကိုရီးယား ၄၈၇၅ ဦး၊ တရုတ် ၄ဝ၂၅ ဦး၊ ဂျပန် ၃၂၅ဝ၊ အမေရိကန် ၃၁ဝဝ အပါအဝင် နိုင်ငံခြားသားဧည့်သည် ၇၄,၇၉၅ ဦးနှင့် ပြည်တွင်းရှိ နိုင်ငံခြားသံရုံးများမှ သံရုံး ဝန်ထမ်း ၁ဝ၉ ဦးအပါအဝင် စုစုပေါင်း ၇၄,၉ဝ၄ ဦး ရောက်ရှိခဲ့ကြသည်။

အဆိုပါနိုင်ငံခြားသားများထံမှ ဧည့်ဝင်ကြေးအဖြစ် ငွေကျပ်သိန်းပေါင်း ၅၉၈ဝ ကျော် အလှူခံရရှိခဲ့ပြီး၊ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ (အလားတူ)လတွင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ နိုင်ငံခြားသားဧည့်သည် ၆၃၆၆၄ ဦး ရောက်ရှိခဲ့ပြီး ဧည့်ဝင်ကြေးအဖြစ် ငွေကျပ်သိန်းပေါင်း ၅ဝ၈ဝ ကျော်ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.