Connect with us

Education & Health

ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီး ၌ တတိယမြောက်ဖန်ပြွန် သန္ဓေသား အောင်မြင်စွာမွေးဖွား

တတိယမြောက်ဖန်ပြွန်သန္ဓေသား မိန်းကလေးတစ်ဦးကိုမွေးဖွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--MOI)

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ဗဟိုအမျိုးသမီးဆေးရုံကြီး ၌ တတိယမြောက် ဖန်ပြွန် သန္ဓေသား အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သိရသည်။ 

ခုနှစ်ပေါင် ခုနှစ်အောင်စရှိ တတိယမြောက် ဖန်ပြွန်သန္ဓေသား မိန်းကလေးတစ်ဦးကို ဗဟိုအမျိုးသမီး ဆေးရုံကြီး (ရန်ကုန်)၌ ဒီဇင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ၄၉ မိနစ်တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာ ဒေါ်ခင်ပြုံးကြည်နှင့် သားဖွားမီးယပ် ပညာဌာန ပါမောက္ခဌာနမှူး ပါမောက္ခဒေါက်တာ ဒေါ်နွယ်မာထွန်းတို့ ဦးဆောင်မှုဖြင့် ပါမောက္ခ ဒေါက်တာ ဒေါ်ခင်လတ်၊ ခွဲစိတ်ဆရာဝန်ကြီးများနှင့် ဆရာမများက အောင်မြင်စွာ ခွဲစိတ်မွေးဖွား ပေးခဲ့ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) Fertility Centre ၌ သားသမီးမရနိုင်သည့် ဇနီးမောင်နှံ များအတွက် သဘာဝအတိုင်းရရှိရန် တိုင်ပင်ဆွေးနွေး အသိပညာပေးလမ်းညွှန်ခြင်း၊ မျိုးဥကြွေဆေးကျွေး၍ သဘာဝ အတိုင်းရရှိရန် ကူညီခြင်း၊ သားအိမ်အတွင်းသို့ သန့်စင်ပြီး သုက်ပိုးထည့်ပေးခြင်း၊ ဖန်ပြွန်သန္ဓေသား ထည့်ခြင်း၊ အမျိုးသမီးသားဥအတွင်းသို့ အမျိုးသားသုက်ပိုးကို Micro Needle ဖြင့်ထည့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) Fertility Centre ကို၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ပထမမြောက်ဖန်ပြွန်သန္ဓေသားကို၂၀၁၈ ခုနှစ် ဇွန် ၁၂ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ဆေးတက္ကသိုလ်မှ ပညာရှင်များနှင့် ပူးပေါင်း၍ အောင်မြင်စွာ မွေးဖွားပေးခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ဒုတိယမြောက် ဖန်ပြွန်သန္ဓေသားနှင့် ယနေ့တွင် တတိယမြောက် ဖန်ပြွန်သန္ဓေသားတို့ကို ဗဟိုအမျိုးသမီး ဆေးရုံကြီး (ရန်ကုန်) မှ ပညာရှင် ပါမောက္ခဆရာဝန်ကြီးများနှင့် ဆရာဝန်၊ ဆရာမများက အောင်မြင်စွာမွေးဖွားခဲ့ကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.