Connect with us

Education & Health

စားသုံးရန် မသင့်သော အစားအသောက် ၁၇ မျိုး အသိပေးကြေညာချက်ထုတ်ပြန်

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အသိပေး ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--FDA)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

စားသုံးရန်မသင့်သော အစားအသောက်များ နှင့် ပတ်သက်၍ အများပြည်သူစားသုံးရန် သင့်မသင့်အား စိစစ်လျက်ရှိရာ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဝယ်ယူစစ်ဆေးရာ အစားအသောက် ၁၇ မျိုး သည် ခွင့်မပြုဆေးဝါးများ ပါရှိခြင်းကြောင့် စားသုံးရန်မသင့် ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ အသိပေးကြေညာချက်ထုတ်ပြန်သည်။

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများကို လုံးဝအသုံးမပြုရန် နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင်ပါရှိသည်။

ငါးမင်းငါးပိ ၊ ပွင့်သစ်လက်ဖက်အခါးနှပ်၊ ဒေါ်မြတ်တင် လက်ဖက်အညွန့် ၊ဒေါ်မြတ်တင် လက်ဖက်ချဉ်စပ်နှပ်၊ သဲသဲ ဂျယ်လီ၊ Melody (Juice and Jelly)၊ F4 ဖလိပ်ပြား(လိမ္မော်ရောင်)၊ ရွှေညွန့်ဖူး ကြက်သွန်ခြောက် (လိမ္မော်ရောင်)၊ ရွှေပြည်စိုး ငါးပိ၊ ထူးလျှံပဲကြီးလှော်၊ ရွှေသရဖီ ပဲကြီးလှော်၊ မချို ငါးပိ (အချို) ၊ဒါးနှစ်လက် အရောင်တင်မှုန့် နှင့် ရွှေအိုး အရောင်တင်မှုန့် တို့သည် ခွင့်မပြုဆိုးဆေးအသုံးပြုထားကြောင်း သိရသည်။

ရှမ်းမလေး ထိုင်ဝမ်ဇီးယို၊ ရှမ်းမလေး ချစ်သူသီး (အစိမ်းရောင်) နှင့် သီဟဇော် ခရမ်းချဉ်သီးယိုတို့သည်လည်း ခွင့်မပြုဓာတုပစ္စည်းအသုံးပြုထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.