Connect with us

Education & Health

တနသာၤရီတိုင်းဒေသကြီးတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု သတင်းထုတ်ပြန်ချက် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တနသာၤရီတိုင်းဒေသကြီးတွင် ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ ၊ ဝဲကျွန်းထိန်သစ် ရပ်ကွက် ရှိ ကြက်မွေးမြူရေးခြံတွင် ကြက်များစတင်သေဆုံးခဲ့သောကြောင့် ရောဂါနမူနာပစ္စည်းများကို ရန်ကုန်မြို့ရှိ တိရ စ္ဆာန်ရောဂါရှာဖွေစစ်ဆေးရေးဓာတ် ခွဲခန်းတွင် မော်လီကြူလာနည်းဖြင့်စစ်ဆေးခဲ့ရာ H5 Positive ၊ N1 Positive ဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့တွင် အတည်ပြုနိုင်ခဲ့ကြောင်း မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ကြက်ငှက်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ် မှ စတင်ကျရောက်ဖြစ်ပွားခဲ့ရာ ၂၀၁၆ ခုနှစ်ထိ စုစုပေါင်း ၈ကြိမ်ကျရောက်ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ထားဝယ်မြို့ ရှိ ကြက်ခြံတစ်ခုတွင် ကြက်များသေဆုံးမှု နှင့် ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်ပြီးသည့်နောက် အဖြေအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သို့ ကနဦး သတင်းပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရောဂါဖြစ်ပွားမှုအား လျင်မြန်စွာထိန်းချုပ်နိုင်ရန်အတွက် ရောဂါဖြစ် တိရ စ္ဆာန်များ ရှင်းလင်းဖယ်ရှားခြင်း နှင့် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဦးစီးဌာနမှ ပညာရှင်များ၊ ဒေသဆိုင်ရာ ကူးစက်ရောဂါထိန်းချုပ်ရေး အဖွဲ့များ နှင့် တာဝန်ရှိသူများပူးပေါင်း၍ ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်ပါ လုပ်ငန်းစဉ်များ နှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.