Connect with us

Education & Health

ကလေးငယ် တစ်သန်းအတွက် ကာကွယ်ဆေး ထိုးမည့် အစီအစဉ် အတွက် အမေရိကန် ဒေါ်လာ ၇ သန်း အသုံးပြုမည်

ကာကွယ်ဆေးထိုးနေစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ကလေးငယ် တစ်သန်းအတွက် ကာကွယ်ဆေး ထိုးမည့် အစီအစဉ်တွင် အစိုးရအနေဖြင့် အမေရိကန် ဒေါ်လာ ၇ သန်း အသုံးပြုသွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကလေးငယ် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၇ ဒေါ်လာနှုန်းဖြင့် ကလေးငယ် ဦးရေ တစ်သန်းအတွက် အမေရိကန် ဒေါ်လာ ၇ သန်း ထည့်ဝင်မည် ဖြစ်ကြောင်း အမျိုးသား အဆင့် ကာကွယ်ဆေးထိုး အကြံပေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ မွေးကင်းစမှ အသက် တစ်နှစ်ခွဲအထိ ထိုးနှံပေးသော ကာကွယ်ဆေး ၁ဝ မျိုးရှိပြီး ယင်းတို့မှာ တစ်နှစ်အောက် ကလေးများ၌ ရောဂါခုနစ်မျိုး ကာကွယ် နိုင်သည့် တီဘီ၊ ဆုံဆို့ကြက်ညှာ မေးခိုင် (ဆကမ)၊ ပိုလီယို၊ အသည်းရောင် အသားဝါ-ဘီ နှင့် ဝက်သက် စသည့်ရောဂါ ကာကွယ် ဆေးများအပြင် မကြာမီက ပြင်းထန် အဆုတ် အအေးမိရောဂါ ကာကွယ်ဆေး (PCV) စသည့် ကာကွယ်ဆေး များကို ကာကွယ်ဆေး ထိုးစုရပ် နေရာများ၌ ထိုးနှံပေးနေကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘာ့ ကာကွယ်ဆေးထိုး ဆိုင်ရာ အဖွဲ့ချုပ် (GAVI) ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ အလှူရှင်များ စုပေါင်း၍ ဝင်ငွေနည်းသော နိုင်ငံများ၏ ကာကွယ်ဆေးထိုး အစီအစဉ်ကို ထောက်ပံ့ပေး သော်လည်း ယင်းတို့၏ ထောက်ပံ့ငွေ အပြင် နိုင်ငံတော် အစိုးရကပါ ယခုကဲ့သို့ အမေရိကန် ဒေါ်လာ ၇ သန်း ထည့်ဝင်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.