Connect with us

Education & Health

စာကြည့် တိုက်ယဉ်ကျေးမှုနှင့် စာကြည့်တိုက်သို့သွားသည့် အလေ့အထ ထူထောင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ကြည့်ရှုစစ်ဆေး ၍ စာကြည့် တိုက်ယဉ်ကျေးမှုနှင့် စာကြည့်တိုက်သို့သွားသည့် အလေ့အထ ထူထောင်ရန် ပြောကြားသွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ ဒုတိယ ပါမောက္ခချုပ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စာကြည့်တိုက်မှူးများ၊ စာကြည့်တိုက်ပညာ ရှင်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ဘာသာရပ်အတွက် စာဖတ် ခြင်းနှင့် စာဖတ်ခြင်း၏အရသာကို ကြိုက်နှစ်သက်၍ဖတ်ခြင်းဟူ၍ စာဖတ်ခြင်း နှစ်မျိုးရှိပါကြောင်း၊ စာဖတ်ဝါသနာမပါလျှင် ကမ္ဘာကျဉ်းမြောင်း မည်ဖြစ်ပြီး ဘဝနာ သည်ဟု ပြောလိုပါကြောင်း၊ ထို့ကြောင့် ကလေးများ စာဖတ်ဝါသနာပါရန် လိုကြောင်း၊ စာကြည့်တိုက်ယဉ်ကျေးမှုနှင့် စာကြည့်တိုက်သို့သွားသည့် အလေ့အထ ထူူထောင်ရ မည်ဖြစ် ပါကြောင်း၊ စာကြည့်တိုက်ယဉ်ကျေးမှုအတွက် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍသည် အရေးကြီးပါ ကြောင်း၊ စာကြည့်တိုက်မှူးများသည် သိက္ခာရှိပြီး လေးစားဖွယ် ကောင်းပါကြောင်း၊ စာကြည့်တိုက်မှူး များအနေဖြင့် စာဖတ်ချင်လာ အောင် ဆွဲဆောင်နိုင်ရမည်ဖြစ်ပါကြောင်း၊ စာဖတ်သည့်အလေ့အထ နည်းလာ ပါကြောင်း၊ အကြောင်းအရာတစ်ခုကို အင်တာနက်ဖြင့် Google တွင်ရှာ၍ဖတ်ခြင်းသည် Google ပြုစုသူ၏အမြင် သာဖြစ်၍ ပြည့်စုံခြင်းမရှိနိုင်ကြောင်း၊ မိမိအနေဖြင့် ကလေးများ အမြင်ကျဉ်းမည်ကို စိတ်ပူမိပါကြောင်း၊ စာအုပ်စာတမ်းကို ချစ်မြတ်နိုးတန်ဖိုး ထားစေလိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကိုကြည့်မည်ဆိုပါက သမိုင်းဂုဏ်ထူးရသူနည်းနေသည်ကို တွေ့ရပါကြောင်း၊ သမိုင်းကိုလေ့လာ ခြင်းသည် နိုင်ငံရေးကိုလေ့ လာခြင်းဖြစ်ပြီး မိမိတို့၏လူမှုအသိုက်အဝန်း၊ ကမ္ဘာနှင့် လူသားများ အကြောင်းကို လေ့လာခြင်းဖြစ်၍ သမိုင်း၏အနှစ်သာရကို နားလည်ရန်လိုပါကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ဘုရင်ခံ Sir Harcourt Butler က ၁၉၂၇ ခုနှစ်တွင် အုတ်မြစ်ချခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ဟု အမည်ပြောင်းလဲခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်များဗဟိုစာကြည့်တိုက်ဟူ၍ စာကြည့်တိုက် နှစ်ခု ပြောင်းလဲဖွင့်လှစ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် ဘွဲ့ကြို ဘွဲ့လွန်ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ သုတေသန ပြုသူ ပညာရှင်များ၊ ဗဟုသုတ ရှာဖွေစုဆောင်းလိုသူများအတွက် ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာစာအုပ်၊ အင်္ဂလိပ်စာ အုပ်၊ ကျမ်းစာအုပ်၊ မြန်မာလက်ရေးမူ၊ စာနယ်ဇင်းအမျိုး အစား(ခေါင်းစဉ်)၊ ပေစာ၊ ဘာသာရပ်မျိုးစုံစာအုပ် စာတမ်းများကို စုဆောင်းထားရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.