Connect with us

Education & Health

မြွေပွေးနှင့် မြွေဟောက် အဆိပ်ဖြေဆေးအသစ် လာမည့် နှစ်တွင် စတင် ထုတ်လုပ်ရောင်းချမည်

မြွေဆိပ်ဖြေဆေးထုတ်လုပ်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ လက်ရှိ ထုတ်လုပ်နေသည့် မြွေဟောက် အဆိပ်ဖြေဆေးနှင့် မြွေပွေး အဆိပ်ဖြေဆေးအပြင် မြွေပွေး သာမက မြွေဟောက်အတွက်ပါ အဆိပ်ဖြေပေးနိုင်သည့် အဆိပ်ဖြေဆေးအသစ်ကို လာမည့်နှစ်အတွင်း ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)ထံမှ သိရသည်။

အဆိုပါ မြွေဆိပ်ဖြေဆေးကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တွင် လိုင်စင်တင်ပြထားပြီးဖြစ်ရာ လာမည့်နှစ်တွင် ဖြန့်ချိ ရောင်းချနိုင်မည် ဖြစ်ကြောင်းသိရသည်။

မြွေဆိပ်ဖြေဆေးနှစ်မျိုးကို ၁၉၆၂ ခုနှစ်ကတည်းက ကုန်ကြမ်းအဖြစ် မြင်းသွေးမှရယူ ထုတ်လုပ်ခြင်းဖြစ်ပြီး ၂ဝ၁၃ ခုနှစ်မှစ၍သိုးမှ ကုန်ကြမ်းထုတ်ယူကာ မြွေဆိပ်ဖြေဆေး ထုတ်လုပ်လျက်ရှိသည်။

ပြည်တွင်း၌ ထုတ်လုပ်နေသည့် မြွေဆိပ်ဖြေဆေး နည်းပညာကို သြစတြေး လျနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့မှ နည်းပညာများ ရယူကာ ထုတ်လုပ်နေကြောင်း၊ မြွေဆိပ်ဖြေဆေး ထုတ်လုပ်နိုင်မှုအနေဖြင့် တစ်နှစ်လျှင် မြွေဆိပ်ဖြေဆေးအလုံးရေ တစ်သိန်းထုတ်လုပ် နိုင်ပြီး ဆေးရုံများ၏ ဆေးဝါးလိုအပ်ချက်သည် ရှစ်သောင်းသာရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.