Connect with us

Education & Health

ရာသီတုပ်ကွေးရောဂါ(H1N1)ဖြစ်ပွားမှုကြောင့် ပိုးတွေ့လူနာ ၃၆၉ ဦးရှိပြီး စုစုပေါင်း ၃၆ ဦး သေဆုံး

ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

ရာသီတုပ်ကွေးရောဂါ(H1N1)ဖြစ်ပွားမှုကြောင့် ပိုးတွေ့လူနာ ၃၆၉ ဦးရှိပြီး စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၂ ရက်အထိ ထုတ်ပြန်မှုများ အရ သိရသည်။

တစ်နိုင်ငံလုံး၌ သေဆုံးသူဦးရေမှာ ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၂ ဦး ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရှစ်ဦး ၊ ပဲခူးတိုင်းဒေသကြီးတွင် ခြောက်ဦး နှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် ၁ဝ ဦး စုစုပေါင်း ၃၆ ဦး ရှိကြောင်း သိရသည်။လက်ရှိအချိန်တွင် အခြားတိုင်းဒေသကြီး/ပြည်နယ်ဆေးရုံကြီးများ၌ အတွင်းလူနာ စုစုပေါင်း ၂၅ ဦး ဆက်လက် ကုသမှု ခံယူလျက်ရှိပြီး ဆေးရုံ တက်ရောက်ကုသသူဦးရေမှာလည်း တစ်နေ့တခြား သိသာစွာ ကျဆင်းလျက် ရှိကြောင်း ထုတ်ပြန်မှု အရ သိရသည်။

စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနှင့်ဂေဟာများ၊ အခြားလူစုလူဝေးရှိသောနေရာများတွင် တုပ်ကွေးဆန်သောရောဂါလက္ခဏာများ ထပ်ပေါင်းဖြစ်ပွားမှု (Cumulative incidence of Influenza Like Illness symptoms) အခြေအနေမှာ လျော့နည်းသွားသဖြင့် ကူးစက်မှုနှုန်းမှာ ကျဆင်း လာကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၁ ရက် မှစ၍ လတ်တလော ပြင်းထန် အသက်ရှူ လမ်းကြောင်း ပိုးဝင် ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူများကို စောင့်ကြပ်ကြည့်ရှုခဲ့ပြီး သြဂုတ် ၇ ရက် နောက်ပိုင်း မှစ၍ ဖြစ်ပွားမှုများ စတင် ကျဆင်း လာကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးရမည် ဟု သတ်မှတ်ထားခြင်း မရှိသော်လည်း လူနာနှင့်ထိတွေ့ရသည့် ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေး ထိုးပေး လျက်ရှိကြောင်းနှင့် ကမ္ဘာ့နိုင်ငံအများစုတွင်လည်း ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးကို ပုံမှန် ကာကွယ် ဆေးထိုး လုပ်ငန်း အစီအစဉ်တွင် ထိုးနှံပေးခြင်း မရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117