Connect with us

Education & Health

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂ဝ၁၈ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကြေညာချက်ထုတ်ပြန်

၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ထွက်လာသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် ၂ဝ၁၈ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်လျှောက်လွှာပုံစံများကို လာမည့် စက်တင်ဘာ ၁ ရက်မှစတင်ကာ တစ်စောင်လျှင် ၂ဝဝ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ့် ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် စာမေးပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းရာတွင် ဘာသာတွဲအမှတ်စဉ် ၁၊ ၅၊ ၆၊ ၇ နှင့် ၈ ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် လည်းကောင်း၊ ဘာသာတွဲအမှတ်စဉ် ၂၊ ၃ နှင့် ၄ ဖြေဆိုမည့် သူများအတွက် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် လည်းကောင်း အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားကြောင်း၊ပြင်ပဖြေဆိုရန် စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်းသူများအနေဖြင့် အမှန်တကယ်နေထိုင်သည့် မြို့နယ်၏ မြို့နယ်ပညာရေးမှူးရုံးများတွင် စက်တင်ဘာ ၁ ရက် မှ ၂၉ ရက်အတွင်း ဝင်ခွင့်လျှောက်လွှာကို တင်သွင်းကြရမည် ဖြစ်ကြောင်း၊ မြို့နယ်ပညာရေးမှူးရုံးများမှ စာမေးပွဲ ဝင်ကြေးအတွက် ၇ဝဝ ကျပ် တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင်ကပ်၍ လျှောက်လွှာ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်း များ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်း မည့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ သည် စာမေးပွဲဝင်ကြေး ၇ဝဝ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများကို လျှောက်လွှာ တစ်စောင်ချင်းစီတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စက်တင် ဘာ ၁ ရက်မှ ၂၉ ရက်အတွင်း တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သတ်မှတ်ထားသောရက်များအတွင်း လျှောက်လွှာအချိန်မီ ပေး ပို့ခြင်းမရှိသူများအား စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ကြောင်း၊ စာဖြေသူ တင်သွင်းသည့် စာမေးပွဲဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင်ပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ် သဖြင့် ဖြေဆိုမည့်ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်စေရန် သေချာစွာစစ်ဆေး ပြီးမှ ပေးပို့ကြရန်ဖြစ်ကြောင်း၊လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို နေပြည်တော်ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ရုံးအမှတ် ၅၂ ၌လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ် လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်)၌လည်းကောင်း၊ ရန်ကုန်မြို့ အမှတ် ၁၆၆ လသာလမ်းရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၌လည်းကောင်း လာရောက်ဝယ်ယူနိုင်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.