Connect with us

Education & Health

H1N1 ပိုးတွေ့လူနာ ၁၉၄ ဦးရှိပြီး တစ်နိုင်ငံလုံး၌ ယနေ့အထိ သေဆုံးသူ ၂ဝ ဦးရှိ

H1N1 ပိုးကူးစက်မှုမရှိရန် maskတပ်ဆင်သုံးစွဲသူအားတွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူလူနာ ၅၁ဝ ဦးအနက် H1N1 ပိုး တွေ့လူနာ စုစုပေါင်း ၁၉၄ ဦး ရှိ ခဲ့ပြီး တစ်နိုင်ငံလုံး၌ ယနေ့အထိသေဆုံးသူစုစုပေါင်း ၂ဝ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm 2009 သံသယလူနာ ၃၆ ဦးအား သြဂုတ် ၉ ရက် မွန်းလွဲ ၂ နာရီမှ သြဂုတ် ၁ဝ ရက် မွန်းလွဲ ၂ နာရီအထိ ဓာတ်ခွဲစမ်းသပ်စစ်ဆေး ခဲ့ရာ H1N1 ပိုးတွေ့လူနာ ၁၁ ဦး တွေ့ရှိရပြီး ဇူလိုင် ၂၁ ရက်မှ သြဂုတ်၁၀ရက်နေ့ မွန်းလွဲ ၂ နာရီအထိ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ စုစုပေါင်းလူနာ ၅၁ဝ ဦးအနက် H1N1 ပိုး တွေ့လူနာ စုစုပေါင်း ၁၉၄ ဦး ရှိ ခဲ့ရာ တစ်နိုင်ငံလုံး၌ ယနေ့အထိသေဆုံးသူစုစုပေါင်း ၂ဝ ဦးရှိကြောင်း သိရသည်။

အထူးကုဆေးရုံကြီး(ဝေဘာဂီ)၌ H1N1 ပိုးတွေ့ အတွင်းလူနာ ရှစ်ဦး၊ အခြားတိုင်းဒေသကြီး/ပြည်နယ် ဆေးရုံကြီးများ၌ H1N1 ပိုးတွေ့အတွင်းလူနာ ၅၈ ဦး စုစုပေါင်း ၆ဦးတို့ဆက်လက်ဆေးဝါးကုသမှုခံယူလျက်ရှိပြီး အများစုသည် သက်သာလျက်ရှိကြောင်း၊ H1N1 ပိုးတွေ့ရှိသော်လည်း ရာသီ တုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အခြားရောဂါ အခံများကြောင့် သေဆုံးသူ စုစုပေါင်း

၁၅ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.