Connect with us

Environment, Disasters & Accidents

ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်၌ နေအိမ်တဲပေါ်သို့သစ်ပင် လဲပြိုမှုကြောင့် လူသုံးဦး သေဆုံး

လေပြင်း တိုက်ခတ်မှုကြောင့် လဲပြိုသွားသော သစ်ပင်များအား ရှင်းလင်း ဖယ်ရှားနေစဉ်(ဓာတ်ပုံ - Myanmaalinn )

ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ လေပြင်း တိုက်ခတ်၍ လူနေအိမ်တဲ တစ်လုံးပေါ်သို့သစ်ပင်လဲပြိုမှုကြောင့် လူသုံးဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ဘားအံ မြို့နယ် ဘားကပ်ကျေးရွာအုပ်စု၊ တောကြီးကုန်းကျေးရွာ၌ ဩဂုတ် ၂ ရက် ည ၁၁ နာရီကျော်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ရာ လူနေအိမ်တဲတစ်လုံး၏ ခြေရင်းရှိ လက်ပံ့ပင် လဲကျရာမှ နေအိမ်အား ပိမိပြီး နေအိမ်တဲ ထဲတွင် အိပ်ပျော်နေသူများအား ပိမိခဲ့ကြောင်း နှင့် ရွာသူ/သားများမှ သစ်ပင်အား ဝိုင်းဝန်း ဖယ်ရှား ခဲ့သော်လည်း လူ သုံးဦး သေဆုံးခဲ့ပြီး တစ်ဦးကိုသာ အသက်ရှင်လျက် ပြန်လည် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။သေဆုံးသူများနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် ဘားအံမြို့မ ရဲစခန်းက သေမှု သေခင်း ဖွင့်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)