Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်ကာ လူသုံးဦး သေဆုံး

ယာဉ်တိမ်းမှောက်မှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar Fire Services Department)

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၁၆/၆-၁၆/၇ အကြား တွင် ယနေ့စက်တင်ဘာ ၉ ရက် နံနက် အစောပိုင်းတွင် ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှုကြောင့် လူသုံးဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဟင်္သာတ – မန္တလေး ခရီးသည်တင် Express ယာဉ်သည် နံနက် ၃ နာရီခန့်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့တိမ်းမှောက်ခဲ့သဖြင့် ၁၁ မိုင် အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေး ယာဉ် တစ်စီး ထွက်ခွာ၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ်ပေါ်တွင် ခရီးသည် ၄၅ ဦး လိုက်ပါလာပြီး ယာဉ်တိမ်းမှောက်မှုကြောင့် လူသုံးဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ် နေရာနှင့် အနီးတစ်ဝိုက် မိုင်တိုင် ၁၅ မှ ၂၀ အကြား နေရာများတွင် လမ်းပိုင်းဆိုင်ရာ အားနည်း ချက်များ ရှိသည်ဟု ယူဆရသဖြင့် ခရီးသွား ပြည်သူများ အန္တရာယ် ကင်းဝေးစေရေး သတ်မှတ် အရှိန်နှုန်း အတိုင်းသာ သတိပြု မောင်းနှင်ကြရန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတိပေးထားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.