Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီးရှိ တော့ကျင်တောင်ပြိုကျမှုကြောင့် လူ(၂)ဦး အပြင်းအထန် ဒဏ်ရာရရှိ

တော့ကျင်တောင်ပြိုကျမှုကြောင့် ပိတ်ဆို့နေသော လမ်းအားရှင်းလင်းနေစဉ်(ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့အထွက်ရှိ တာ့ကျင်တောင်သည် ယနေ့(ဇွန် ၁၁ရက်) ညနေ ၆နာရီခွဲခန့်တွင် တောင်ပြိုကျမှုဖြစ်ပွါးရာ လူနှစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးဝမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

” ခရီးသွားအမျိုးသားနဲ့ အမျိုးသမီး ၂ဦး တောင်ပြိုတာပိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်၊ သူတို့နှစ်ဦးမှာ တစ်ဦးကဒဏ်ရာက အခြေအနေတော်တော်ဆိုးတယ်၊ ခုဆေးရုံပို့ပေးထားပါတယ်၊ ခု ကားလမ်းတော့ ပြန်ပွင့်သွားပြီ” ဟု ကလေးဝမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

တော့ကျင်တောင်ပြိုကျမှုကြောင့် ပိတ်ဆို့နေသော လမ်းအားရှင်းလင်းနေစဉ်(ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့)

တော့ကျင်တောင်ပြိုကျမှုကြောင့် ပိတ်ဆို့နေသော လမ်းအားရှင်းလင်းနေစဉ်(ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့)

အဆိုပါ တော့ကျင်တောင်ပေါ်မှာ ကျောက်တုံးကြီးများသည် ကားလမ်းမပေါ်သို့ ပြိုကျခဲ့သဖြင့် ကလေးဝမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း နှင့် ခရီးသွားပြည်သူ ၂ဦးထိခိုက်ဒဏ်ရာရရှိသဖြင့် ကလေးဝမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းတောင်ပြိုမှု ကြောင့် လမ်းပိတ်ဆိုမှုခတ္တဖြစ်ပွားခဲ့ပြီး ယနေ့ ည ၈နာရီတွင် လမ်းရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်မှုပြီးစီးသဖြင့် ကားလမ်းပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။  (Xinhua)