Connect with us

Environment, Disasters & Accidents

စမ်းချောင်းမြို့နယ်၌ လေးထပ်တိုက်ပြိုကျမှုကြောင့် ပိတ်မှုနေသူ ၃ဦးကို ကယ်ဆယ်နိုင်ခဲ့၊ ပိတ်မိသူများ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဟုဆို

စမ်းချောင်းမြို့နယ်ရှိ ပြိုကျခဲ့သော တိုက်အတွင်း ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက်၊ နန္ဒဝန်လမ်းတွင် ယနေ့ ည ၈နာရီ ၅၅မိနစ်၌ (၄)ထပ်တိုက်ပြိုကျမှုကြောင့် ပိတ်မိနေသူ(၃)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ယင်းတိုက်ပြိုကျမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးဆောင်ရွက်နေသော မီးတတ်အရာရှိတစ်ဦးက ဆင်ဟွာသို့ပြောသည်။

” တိုက်ပြိုကျလို့ ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ပြီးပါပြီ၊ သူတို့က ပွန်းပဲ့ရုံလေးပဲ ဒဏ်ရာရတာပါ၊ ထိခိုက်ဒဏ်ရာရရှိမှု ကြီးကြီးမားမားမရှိပါဘူး”ဟု ၎င်းကဆိုသည်။

ယင်းတိုက်ပြိုကျမှုကြောင့် ပိတ်မိနေသော အမျိုးသား(၁)၊ အမျိုးသမီး(၁)နှင့် ကလေးငယ် (၁)ဦးတို့ကို ည ၉နာရီ ၂မိနစ်တွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေးထပ်တိုက် အပေါ်ဆုံးထပ်၏ ရှေ့မျက်နှာတစ်ခြမ်းလုံးပြိုကျခဲ့ပြီး ပြိုကျချိန်တွင် လေးထပ်တိုက်၏ အခန်းစေ့နီးပါး လူများနေထိုင်လျက်ရှိကြောင်း၊ လက်ရှိချိန်တွင် ပြိုကျခဲ့သော တိုက်အတွင်း ကယ်ဆယ်ရှင်းလင်းရေးများဆောင်ရွက်နေကြောင်း တိုက်ပြိုကျသည့်နေရာ၌ ကယ်ဆယ်ရေးဆောင်ရွက်ရန် ရောက်ရှိနေသော  “ရွှေရောင်သမိုင်း ERSSDO” အသင်း  ဥက္ကဋ္ဌ ဦးဇွဲရန်နိုင်က ဆင်ဟွာသို့ပြောကြားသည်။

 ပြိုကျခဲ့သည့် လေးထပ်တိုက်သည် သက်တမ်း ကြာမြင့်နေသော တိုက်ဖြစ်ပြီး အဆိုပါ တိုက်အတွင်း နေထိုင်သူများကို လက်ရှိ နေရာပြောင်းရွှေ့စေပြီး အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

 ယခုနှစ် မေ ၂၁ရက် နံနက် (၂)နာရီ ၂၀မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ အမှတ်၅အေ၊ ဦးလွန်းလမ်းနှင့် အရိုးကုန်းလမ်းထောင့်ရှိ တိုက် ပြိုကျမှုဖြစ်ပွားပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.