Connect with us

Environment, Disasters & Accidents

နေပြည်တော် ဇေယျာသီရိကုန်တိုက် မီးလောင်မှုဖြစ်ပွား


ရန်ကုန်၊ဧပြီ ၁၄ ရက် (ဆင်ဟွာ)

နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိကုန်တိုက်၌ ယနေ့ (ဧပြီ ၁၄ ရက်) မဟာသြင်္ကန် အကျနေ့ မွန်းလွဲ ၃ နာရီ ၇ မိနစ်အချိန်တွင် စတင်ပြီး မီးလောင်မှု ဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်သော သတင်းအရ သိရသည်။

“ ဈေးကတော့ ပိတ်ထားတုန်း လောင်တာ၊ ကုန်တိုက် ရှေ့တစ်ခြမ်း မီးထဲပါသွားပြီ၊ လက်ရှိ မီးထိန်းနိုင်တဲ့အခြေအနေတော့ ရောက်ပြီ၊ လက်တလောတော့ ဝါယာရှော့လို့ တာဝန်ခံအချို့ကပြောတယ်၊ အသေးစိတ် စုံစမ်းရပါအုံးမယ်” ဟု မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇေယျာသီရိကုန်တိုက် မီးလောင်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-မီးသတ်)

ဇေယျာသီရိကုန်တိုက် မီးလောင်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-မီးသတ်)

အဆိုပါ မီးလောင်မှုကို Level – 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး ၃ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း၊ မီးကြွင်းမီးကျန်များ ဆက်လက် ငြှိမ်းသတ်နေကြောင်း သိရသည်။(Xinhua)