Connect with us

Environment, Disasters & Accidents

တောင်ကျရေများ စီးဆင်းလာသောကြောင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ တွင်ရေကျော်မှုဖြစ်ပွား

ကားလမ်းရေကျော်မှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းက မိုးရွာသွန်းပြီး တောင်ကျရေများ စီးဆင်း လာသောကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ် ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

တောင်ကျရေများ ရုတ်တရက်စီးဆင်းလာသောကြောင့် ကျိုက္ကော်ရပ်ကွက် ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် ၁၃၉/၁နှင့် ၁၃၉/၄ အကြား ၄ ဖာလုံခန့်တွင် ရေအမြင့် ၂ ပေခန့် မြင့်တက်လာရာ ယာဉ်များ ဖြတ်သန်းသွားလာရန် ခက်ခဲမှု ဖြစ်ပွားခဲ့သောကြောင့် တာဝန်ရှိသူများနှင့် လူမှုကူညီရေး အဖွဲ့အစည်းများက ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားရေး ကူညီဆောင်ရွက်ပေးခဲ့ ကြသည်။

အဆိုပါ ကားလမ်းရေကျော်ရာသို့ သထုံမြို့နယ် သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ နယ်မြေခံ တပ်ရင်းများမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သုဝဏ္ဏဝတီမြို့ရှိ လူမှုကူညီရေး အဖွဲ့များတို့က ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားရေးနှင့် ခရီးသွားပြည်သူများ အခက်အခဲမဖြစ်စေရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.