Connect with us

Environment, Disasters & Accidents

ဖားကန့်၌ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းပြိုကျမှုကြောင့် ၃ဦးသေဆုံး၊ ၂ဦး ဒဏ်ရာရရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ယခင် စွန့်ပစ်မြေဇာပုံ ပြိုကျနေသည့်မြင်ကွင်း (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ / အိမွန်ကျော်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းပြိုကျမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်မှူး က ဆင်ဟွာသို့ ယနေ့ပြောသည်။

” မနေ့ညပိုင်းက ပြိုကျတယ်လို့တော့သတင်းဝင်တယ်၊ ၃ဦးသေတယ်၊ ကျား(၃)ဦး၊ အသေးစိတ်တော့ မသိသေးဘူး”ဟု ၎င်းက ဆိုသည်။ရတနာအဓိပတိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ၏ လုပ်ကွက်ဟောင်းနေရာရှိ ကမ်းပါးသည် ဒီဇင်ဘာ ၁၄ ရက် ည ၁၀နာရီကျော်၌ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၃ဦး မြေပိသေဆုံးခဲ့ပြီး ၂ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် သင်္ခါ လူမှုကူညီရေးအသင်းထံမှ စုံစမ်းသိရှိရသည်။အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား ဖားကန့်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ (Xinhua)