Connect with us

Environment, Disasters & Accidents

မရမ်းကုန်းမြို့နယ်တွင် ကျောက်စီမြေ ထိန်းနံရံ ပြုလုပ်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေစဉ် ကုန်းမြင့်နံရံ ပြိုကျခဲ့သောကြောင့် လူ ၃ ဦး သေဆုံး

မြေပြိုကျနေစဉ် ကယ်ဆယ်ရေးများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ယနေ့ နံနက်တွင် မရမ်းကုန်းမြို့နယ် ဝိသုတာရုံ ဓမ္မဗိမာန်ကျောင်း တိုက် နောက်ကျောဘက် အမြင့်(၁၂) ပေခန့်ရှိ ကုန်းမြင့် နံရံကို ကျောက်စီမြေ ထိန်းနံရံ ပြုလုပ်ရန်အတွက် မြေညှိခြင်း၊ ဖောင်ဒေးရှင်းတူးခြင်း လုပ်ငန်း ဆောင်ရွက်နေ စဉ် ကုန်းမြင့်နံရံ ပြိုကျခဲ့သောကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ဆင်ဟွာကို အတည်ပြုပြောကြားသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်(၉)နာရီ (၄၅)မိနစ်အချိန်တွင် မရမ်းကုန်းမြို့ နယ်၊ (၅)ရပ်ကွက်၊ ဗိုလ်ဗထူးလမ်း၊ ဝိသုတာရုံ ဓမ္မဗိမာန်ကျောင်း တိုက် နောက်ကျောဘက်တွင် အမြင့်(၁၂)ပေခန့်ရှိ ကုန်းမြင့် နံရံကို ကျောက်စီမြေ ထိန်းနံရံ ပြုလုပ်ရန်အတွက် မြေညှိခြင်း၊ ဖောင်ဒေးရှင်းတူးခြင်း လုပ်ငန်း ဆောင်ရွက်နေ စဉ် ကုန်းမြင့်နံရံ ပြိုကျခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်းမြင့်နံရံ ပြိုကျမှုကြောင့် လုပ်ငန်းတာဝန်ယူ လုပ်ကိုင် သည့် မြောက် ဥက္ကလာပ မြို့နယ် “မဟာမင်း မြေကြီးလုပ်ငန်း”မှ လုပ်သား(၈) ဦး အနက် (၃) ဦးမှာ ပြိုကျမြေကြီးပိ သေဆုံးခဲ့ကြောင်း သိရ သည်။

၎င်းတာဝန်ရှိသူကပဲ “ သေဆုံးသူ ၃ ဦးမှာ တစ်ဦးက တော့ စုံစမ်းဆဲပဲ ရှိပါသေးတယ်။ သေဆုံးသူ ၃ ယောက်လုံးက အမျိုးသားတွေပါ။ ၁၀း၅၀ နာရီ ပထမဆုံး သေဆုံးသူ ကို စတွေ့တယ်။ ၁၁း၁၁ နာရီမှာ ဒုတိယ သေဆုံးသူကို တွေ့ရတယ်။ ၁၁း၂၃ နာရီမှာ တတိယမြောက်သေဆုံးသူကို တွေ့ရတယ်’’ ဟုပြောသည်။

အဆိုပါ သေဆုံးရုပ်အလောင်းများကို လူအင်အားများဖြင့် ဆယ်ယူ ခဲ့ပြီး မြောက် ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.