Connect with us

Environment, Disasters & Accidents

မော်ချီး မြေပြိုမှုကြောင့် ဘေးဒုက္ခ ရောက်နေသော လူဦးရေ ၇၀၀ ကျော်ကို သိန်းနှစ်ရာကျော် ထောက်ပံ့

မော်ချီး မြေပြိုမှုကြောင့် ဘေးဒုက္ခ ရောက်နေသောလူများအား ထောက်ပံ့ငွေများ ပေးအပ်နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ကယားပြည်နယ် ဖားဆောင်း မြို့နယ် မော်ချီး ကျေးရွာ အုပ်စုအတွင်း မြေပြိုမှုကြောင့် ဘေးဒုက္ခ ရောက်နေသော လူဦးရေ ၇၂၉ ဦးကို သိန်းနှစ်ရာကျော်နှင့် အခြားပစ္စည်းများ ထောက်ပံ့ ပေးနေကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနထံမှ သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ကယား ပြည်နယ် ဦးစီးမှူးရုံးမှ တန်ဖိုးငွေကျပ် ၂,၂ဝ၆,၆ဝဝ ရှိ ကယ်ဆယ်ရေး ပစ္စည်း ကိုးမျိုး၊ အိမ်ထောင်စု ၁ဝဝ အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၆၁၉,၅ဝဝ၊ သေဆုံး/ပျောက်ဆုံးသူများ အတွက် ထောက်ပံ့ငွေကျပ် ၂,၂ဝဝ,ဝဝဝ စုစုပေါင်း (ပစ္စည်းနှင့်ငွေ) တန်ဖိုးငွေကျပ် ၅,ဝ၂၆,၁ဝဝ ကို ပြည်နယ် အစိုးရအဖွဲ့မှ တစ်ဆင့်ေ ထာက်ပံ့ခဲ့ပြီး ဖြစ်သည်။

မော်ချီးကျေးရွာ အုပ်စုရှိ တောင်ပေါ်ရွာ၊ ၁၆ ကုန်းရွာ၊ ၁၃ ကုန်းရွာ၊ လိုခါးလိုရွာနှင့် ဇီးပင်ကွေ့ ကျေးရွာတို့၌ မြေပြိုမှုကြောင့် လူပေါင်း ၇၂၉ ဦး ဘေးဒုက္ခ ခံစားနေရပြီး လူ ၁၇ ဦး သေဆုံး၍ ခုနစ်ဦး ပျောက်ဆုံးလျက် ရှိသည်။

အောက်တိုဘာ ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများကြောင့် အိမ်ခြေ ၆ဝ၊ အိမ်ထောင်စု ၉၈ စုမှ လူဦးရေ စုစုပေါင်း ၇၂၉ ဦးဘေးဒုက္ခ ခံစားခဲ့ရပြီး နေအိမ် ပျက်စီးမှုများ အတွက် အကူအညီများ လိုအပ်လျက် ရှိသည်။ (Xinhua)