Connect with us

Environment, Disasters & Accidents

မကွေး တိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ်၊ တောရှောက်ပင် ကျေးရွာ မြေပြိုမှု ၄ ဦး ဒဏ်ရာရ

မကွေး တိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ်၊ တောရှောက်ပင် ကျေးရွာ အနီး မြေပြိုကျမှု ဖြစ်၍ ပိတ်မိနေသော လူတစ်ဦးအား ကယ်ဆယ်နေစဉ် (ဓာတ်ပုံ- မကွေးတိုင်းဒေသကြီးမီးသတ် တပ်ဖွဲ့)

ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

မကွေး တိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ်၊ တောရှောက်ပင် ကျေးရွာ အနီး ဧရာဝတီ တံတား (မကွေး) ၏ မင်းဘူးဘက်ကမ်း တံတား အဆင်းတွင် ယနေ့နံနက် ၁၀း၃၀ နာရီက မြေပြိုကျမှု ဖြစ်၍ ပိတ်မိနေသော ဆိုင်ကယ်များ အား ကယ်ဆယ်မှုများ ပြုလုပ်နေပြီး ယခုအချိန်အထိ လူလေးဦး ဒဏ်ရာရကာ သေဆုံးသူ မရှိကြောင်း မကွေး တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူက ဆင်ဟွာကို အတည်ပြု ပြောကြားသည်။

မကွေး တိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ်၊ တောရှောက်ပင်ကျေးရွာ ၊ ဧရာဝတီ တံတား (မကွေး) ၏ မင်းဘူးဘက်ကမ်း တံတား အဆင်းတွင် မြေပြိုကျသည့် နံရံမှာ အမြင့်ပေ ၈၀ ခန့် ဖြစ်ကြောင်း သိရသည်။

မကွေး တိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ်၊ တောရှောက်ပင်ကျေးရွာ ၊ ဧရာဝတီ တံတား (မကွေး) ၏ မင်းဘူးဘက်ကမ်း တံတား အဆင်း တိုးဂိတ် အနီး မြေပြိုကျပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-MOI)

မကွေး တိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ်၊ တောရှောက်ပင်ကျေးရွာ ၊ ဧရာဝတီ တံတား (မကွေး) ၏ မင်းဘူးဘက်ကမ်း တံတား အဆင်း တိုးဂိတ် အနီး မြေပြိုကျနေမှု အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-MOI)

မကွေး တိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ်၊ တောရှောက်ပင်ကျေးရွာ ၊ ဧရာဝတီ တံတား (မကွေး) ၏ မင်းဘူးဘက်ကမ်း တံတား အဆင်း မြေပြိုကျပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-MOI)

မင်းဘူးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူက “ အခုအချိန်ထိ ဒဏ်ရာရသူ ၄ ယောက်ရှိပါတယ်။ သေဆုံးသူ တော့ မရှိသေးပါဘူး’’ ဟု ဆင်ဟွာကိုပြောသည်။

မြေပြိုကျစဉ် ဆိုင်ကယ်များ ပိတ်မိနေခဲ့ပြီး အဆိုပါ ပိတ်မိသည့် ဆိုင်ကယ်များအား Loader (၂) စီး၊ Back Hoe အကြီး (၁) စီး၊ အငယ် (၂) စီး တို့ဖြင့် ဆက်လက် တူးဖော် ဆောင်ရွက်လျက် ရှိကြောင်း မကွေး တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117