Connect with us

Environment, Disasters & Accidents

မြန်အောင်မြို့နယ် အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်း မှုကြောင့် တံတားတချို့ပျက်စီး

ရေကြီးမှုဖြစ်စဉ်အား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစဉ် (ဓာတ်ပုံ-M.O.I)

ရန်ကုန်၊ ဇွန် ၁၂ရ က် (ဆင်ဟွာ)

မြန်အောင်မြို့နယ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်း မှုကြောင့် ကျေးရွာ အုပ်စုများတွင် မိုးများ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး အစယ်ကျေးရွာအုပ်စု မဲဇင်းကျေးရွာ မဲဇင်းတံတား အရှေ့ဘက် ချဉ်းကပ်လမ်း (ပေ ၂၀)ခန့်၊ သဲဘို့ကျေးရွာအုပ်စု ထိန်သေးကုန်းကျေးရွာ ကဇွန်းရိုးတံတား ( အလျား ၂၇ ပေ× အကျယ် ၈ ပေ× အမြင့် ၆ ပေ) ၊ ဖင်လှန်ရိုးတံတား (အလျား ၃၃ ပေ×အကျယ် ၈ ပေ× အမြင့် ၇ ပေ ) ၊ အုတ်လှိုင် တံတား (အလျား ၄၀ ပေ× အကျယ် ၈ ပေ× အမြင့် ၇ ပေ) နှင့် ရေသိုးချောင်းတံတား (အလျား ၃၀ ပေ× အကျယ် ၉ ပေ× အမြင့် ၈ ပေ ) များ ရေမျော ပါပျက်စီးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ငှက်ကြီးကွင်းကျေးရွာ အုပ်စု ထိန်သေးကုန်း/ မြေပြာတံတား (အလျား ၈ ပေ× အကျယ် ၁၀ ပေ× အမြင့် ၇ ပေ ) ဆုံးရှုံးမှုတန်ဘိုး ၁၅ သိန်း၊ ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု ဘန့်ဘွေးကုန်း- ဂျိတ္တော ဆက်သွယ်သောတာလမ်း (အလျား ၂၀ ပေ× အကျယ် ၁၂ ပေ× အမြင့် ၈ ပေ ) ကျိုးပြတ် ဆုံးရှုံးမှုတန်ဘိုး ၂၀ သိန်းနှင့် အ.လ.က(ခွဲ)ဘန့်ဘွေးကုန်းကျောင်းဆင်းလမ်း (အလျား ၁၅ ပေ× အကျယ် ၁၂ ပေ× အမြင့် ၈ ပေ ) ကျိုးပြတ် ဆုံးရှုံးမှု တန်ဘိုး ၁၅ သိန်းနှင့် မကျီး ကုန်းကျေးရွာအုပ်စု အင်ပင်-ညောင်ခြေထောက်လမ်း ဖောက်ချောင်း တံတား အနီး ချဉ်းကပ်တာ (အလျား ၅ ပေ× အကျယ် ၁၂ ပေ× အမြင့် ၁၂ ပေ ) ကျိုးပြတ်မှုကြောင့် ဆုံးရှုံးမှုတန်ဘိုး ၅ သိန်း နှင့် ဖောက်ချောင်းတံတား ယိုင်သွားကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ထို့အတူ မြန်အောင်မြို့နယ် ငှက်ကြီးကွင်း ကျေးရွာအုပ်စု ဂုံမင်းကျေးရွာ အနီးနှင့် ငါးဘတ်ကျ ကျေးရွာအုပ်စု နီပဆေးကုန်း ကျေးရွာသို့ ဆက်သွယ် ထားသော စိမ်ချောင်းရိုး သစ်သားတံတား (အလျား ၅၀ ပေ× အကျယ် ၈ ပေ× အမြင့် ၂၀ ပေ) ရေမျော ပါပျက်စီးသွားခဲ့ပြီး ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်မှု မရှိစေရေးအတွက် ယာယီ ဝါးတံတားဖြင့် သွားလာနိုင်ရေး စီစဉ်ထားပြီး မြန်အောင်မြို့နယ် ကွမ်းတောကျေးရွာအုပ်စု ကွမ်းတော-တဲကြီးကုန်း ကျေးရွာချင်းဆက်လမ်း ပက်မခမ်းချောင်း အနီး ချောင်းရေလျှံမှုကြောင့် တာ (၁၂)ပေခန့် ကျိုးပြတ်မှုဖြစ်ပွားခဲ့ရာ ယနေ့ ဇွန် ၁၂ ရက်နေ့တွင် အဆိုပါကျိုးပြတ် ခဲ့သော နေရာမှ (၁၆၃)ပေ ခန့် ရေတိုက်စား၍ ထပ်မံကျိုးပြတ်ခဲ့ခြင်းကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေ၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းမင်းတို့က သွားရောက်ကြည့်ရှု၍ လမ်းအားအမြန်ဆုံး ပြန်လည် အသုံးပြု သွားလာနိုင်ရေး စီမံဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.