Connect with us

Environment, Disasters & Accidents

သဘာဝဘေးများအတွက် ကြိုတင် ပြင်ဆင်မှုများ ထိထိရောက်ရောက် ဆောင်ရွက်ရန် ဒု သမ္မတ တိုက်တွန်း

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှု ကော်မတီ အစည်းအဝေးတွင် ဒုတိယ သမ္မတ မိန့် ခွန်းပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၃၀ ရက် (ဆင်ဟွာ)

ရာသီဥတု ဖောက်ပြန်မှုများကြောင့် မြန်မာနိုင်ငံအနေဖြင့် ယမန်နှစ်ထက် မလျော့သည့် သဘာ၀ ဘေးများ ရင်ဆိုင်ရမည်ဟု ကြိုတင် မျှော်မှန်းကာ ကြိုတင် ပြင်ဆင်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ကြရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ ဒုတိယ သမ္မတ ဦးဗန်ထီးယူက ယနေ့ တိုက်တွန်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့သဘာဝဘေးဆိုင်ရာ အတွေ့အကြုံကောင်းတွေ စုံလင်စွာ ရရှိပြီးပါပြီ၊ အဲဒီ အတွေ့အကြုံတွေအရ အခုနှစ်မှာလည်း အရင်နှစ်လိုပဲ သဘာဝဘေးတွေကို မလွဲမသွေ ကြုံတွေ့ရဦး မှာ ဖြစ်ပါတယ်၊ ဒီကနေ့ကာလ ရာသီဥတု ဖောက်ပြန်မှုဖြစ်စဉ်တွေကြောင့် သဘာ၀ ဘေးအန္တရာယ် တွေ ပိုမို ဖြစ်ပွားလာနေတဲ့အတွက် ပြီးခဲ့တဲ့ နှစ်ထက် မလျော့တဲ့ ဘေးအန္တရာယ်တွေကို ကျွန်တော် တို့ရင်ဆိုင်ရလိမ့်မယ်လို့ကြိုတင်မျှော်မှန်းပြီး ကြိုတင် ပြင်ဆင်မှုတွေ ထိထိရောက်ရောက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၌ ယနေ့ပြုလုပ်သော အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး ကျင်းပနေစဉ်။(ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ တက်ရောက် ပါဝင် ဆွေးနွေးခဲ့သည့် အဆိုပါ အစည်း အဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ ရရှိမှု၊ သုံးစွဲမှုနှင့် လက်ကျန်စာရင်းများကို ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စု ဝန်ကြီး၏ တင်ပြချက်အရ ၂၀၁၆ ဧပြီလ ၁ ရက်နေ့စာရင်းဖွင့် လက်ကျန်မှာ ကျပ် ၁၈၇၀ ဒသမ ၀၈၉ သန်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ငွေ ကျပ် သန်း ၂၀၀၀၀ နှင့် ၂၀၁၆ ဧပြီ ၁ ရက်မှ ၂၀၁၇ မတ်လ ၂၃ ရက်အထိ အလှူရရှိငွေမှာ ကျပ် ၁၈၁၁ ဒသမ ၃၆၅ သန်း၊ စုစုပေါင်း ကျပ် ၂၃၆၈၁ ဒသမ ၄၅၄ သန်းရှိကြောင်း၊ အလှူရရှိသည့် အမေရိကန်ဒေါ်လာမှာ စာရင်းဖွင့် လက်ကျန် ၁၉၃၁၉၆ ဒသမ ၂၀ ဒေါ်လာ၊ အလှူရရှိမှု ၂၃၇၇၃၅ ဒသမ ၃၈ ဒေါ်လာ၊ စုစုပေါင်း ၄၃၀၉၃၁ ဒသမ ၅၈ ဒေါ်လာ ဖြစ်ပြီး ၂၇၂၇၆၅ ဒသမ ၃၉ ဒေါ်လာ သုံးစွဲလိုက်သဖြင့် လက်ကျန် ၁၅၈၁၆၆ ဒသမ ၁၉ ဒေါ်လာ (သုံးစွဲမှု ၆၃ ရာခိုင်နှုန်း၊ လက်ကျန် ၃၇ ရာခိုင်နှုန်း ) ရှိကြောင်း၊ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်၁၅ ခုတို့တွင် အများဆုံး ထောက်ပံ့ရသည့် ပြည်နယ်မှာ ရခိုင်ပြည်နယ် ဖြစ်ပြီး ၃၃ ဒသမ ၃၈ ရာခိုင်နှုန်း၊ ဒုတိယ အများဆုံးမှာချင်းပြည်နယ်ဖြစ်ပြီး ၁၄ ဒသမ ၆၉ ရာခိုင်နှုန်း သုံးစွဲခဲ့ရကြောင်းလည်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.