Connect with us

Environment, Disasters & Accidents

အယ်နီညိုကြောင့် ရေပြတ်လပ်မှုများ ရှိနိုင်သဖြင့် ကျေးလက်များ၌ ရေချွေတာသုံးရန် တိုက်တွန်း

အယ်နီညို အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံ အတွင်းရှိ မြစ်ချောင်းများ ရေလျော့နည်းလာ သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင် အယ်နီညိုကြောင့် ရေပြတ်လပ်မှုများ ရှိနိုင်သဖြင့် ရေချွေတာသုံးရန် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက တိုက်တွန်း ပြောကြားသည်။

ရေပြတ်လပ်မှု ဖြစ်လာနိုင်သည့် ဒေသများတွင် အချိန်မ ီရေပေးဝေ နိုင်ရေး သက်ဆိုင်ရာ ဒေသ အုပ်ချုပ်သူများနှင့် အရပ်ဘက် အဖွဲ့ အစည်းများ ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နွေကာလ ဖြစ်သည့် ၂၀၁၅ ခုနှစ် မတ်၊ ဧပြီ၊ မေလများတွင် မြန်မာနိုင်ငံအနှံ့ ကျေးရွာပေါင်း ၄၆၄ ရွာ ရေ လုံးဝပြတ်လပ်ခဲ့ပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည် နယ်တို့မှ ကျေးရွာ အများစု ပါဝင်သည်။

ရန်ကုန်လျှပ်စစ် ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းကလည်း အယ်လ်နီညို၏ နောက်ဆက်တွဲ ပူပြင်း ခြောက်သွေ့မှုကြောင့် ရေ ရှားပါးခြင်းများ ဖြစ်ပေါ်လာနိုင်၍ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ခြင်းနှင့် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံကြီးများမှာလည်း သတ်မှတ် ရေပမာဏ မရရှိနိုင် တော့ပါသဖြင့် လျှပ်စစ်ဓာတ် အားကို အပြည့်အဝ ထုတ်လုပ် ပေးနိုင်တော့မည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်က သတင်း ထုတ်ပြန်ထားသည်။ (Xinhua)