Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ တစ်ဝန်း၌ ဖေဖော်ဝါရီလ ၁၄ ရက်တွင်း မီးလောင်မှု ၁ဝ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူဦးရေ ၄,ဝဝဝ ခန့် မီးဘေးသင့်

မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာဈေးမီးလောင်မှုအား မီးသတ်သမားများက ငြိမ်းသတ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်း၌ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၄ ရက်အထိ ၁၄ ရက်အတွင်း မီးလောင်မှု ၁ဝ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူဦးရေ ၄,ဝဝဝ ခန့် မီးဘေးသင့် ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကာလအတွင်း မြန်မာ တစ်နိုင်ငံလုံးရှိ အိမ်ခြေ အဆောက်အအုံပေါင်း ၉၃၅ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး မီးဘေးသင့် ပြည်သူများ အနက် ၁,၂၉၇ ဦးရှိသော ရှမ်းပြည်နယ် ၊ ၁,၆၂၈ ဦး ရှိသော တနင်္သာရီတိုင်း ဒေသကြီး နှင့် ၇၉၄ ဦး ရှိသော ဧရာဝတီတိုင်း ဒေသကြီး တို့မှာ မီးဘေးသင့် ဒုက္ခသည် အများဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ယခုလအတွင်း လောင်ကျွမ်းခဲ့သော မီးများထဲတွင် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်မှ ည ၉ နာရီအထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်၌ မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၂ဝဝ ကျော် ဆုံးရှုံးခဲ့ရပြီး အလားတူ ယင်းနေ့ ည ၈ နာရီ ဝန်းကျင်ကလည်း ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် ကမ်းနားလမ်း၌ မီးလောင်ခဲ့ရာ အိမ်ခြေ ၂ဝဝ ခန့် ပျက်စီး ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၈ဝဝ ခန့် မီးဘေးသင့်ခဲ့ရသည်။

ဖေဖော်ဝါရီv ၁၃ ရက် နံနက် ၈ နာရီခွဲခန့်က တနင်္သာရီ တိုင်းဒေသကြီး ပုလောမြို့နယ် ကျောက္ကာ ကျေးရွာ၌ မီးလောင်မှုကြောင့် အိမ်ခြေ ၃ဝဝ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၁,ဝဝဝ ကျော် မီးဘေး သင့်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သိရသည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ အတွင်းကလည်း မြန်မာ တစ်နိုင်ငံလုံး၌ မီးလောင်မှု ၁၆၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေ အဆောက်အအုံပေါင်း ၁,၈၅၁ လုံး မီးလောင် ဆုံးရှုံးခဲ့ကာ လူဦးရေ ၈၇ဝ မီးဘေး သင့်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သိရသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ၂၀၁၆ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင်း မီးလောင်ကျွမ်းမှု ၃၀၀ ကျော် ဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း ၃၇,၇၁၅ သန်းခန့် ရှိကြောင်း မီးသတ် ဦးစီးဌာန ထံမှ စုံစမ်း သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117