Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေ ကြီးမှုကြောင့် ရေဘေးသင့် လူဦးရေ ၅၃,ဝဝဝ နီးပါးခန့် ရှိပြီဖြစ်

ရေဘေးသင့်ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-- ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာန)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေ ကြီးမှုကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် အတွင်း ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး သြဂုတ် ၁ ရက်နေ့အထိ ရေဘေးသင့် လူဦးရေ ၅၃,ဝဝဝ နီးပါးခန့် ရှိပြီဖြစ်ကြောင်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာန မှ သိရသည်။

ရေဘေးသင့် လူဦးရေ စာရင်းသည် မန္တလေးတိုင်း ဒေသကြီး၌ ၂၅ဝ၄ဝ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး၌ ၁၃၄ဝ၄ ဦး၊ မကွေးတိုင်း ဒေသကြီး၌ ၁၂ဝ၄၂ ဦး၊ ကချင်ပြည်နယ် ၌ ၁၉ဝ၇ ဦးနှင့် ဧရာဝတီတိုင်း ဒေသကြီး၌ ၃၉၁ ဦးဖြစ်ပြီး အဆိုပါ စာရင်းမှာ နေအိမ်စွန့်ခွာ၍ ကယ်ဆယ်ရေး စခန်းနှင့် နီးစပ်ရာ အိမ်များ၌ သွားရောက် နေထိုင်ကြရ သူများ ဖြစ်ကြောင်း သိရသည်။

နေအိမ်ကို စွန့်ခွာရခြင်း မရှိသေး သော်လည်း ရေလွှမ်းမိုးမှု ရင်ဆိုင်နေရ သူများနှင့် အိမ်မွေးတိရစ္ဆာန် များလည်း ရေဘေးသင့် ဒေသများ၌ အများအပြား ရှိနေပြီး စားစရာ နှင့် နေစရာ အခက်အခဲ တွေ့ကြုံ နေရသဖြင့် ပံ့ပိုးကူညီမှုများ အမြန်ဆုံး ပို့ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ရေသည် မိုးရွာသွန်းမှု များသော အထက်ပိုင်းဒေသ များမှ စီးဆင်း လာခြင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသတို့၌ ရေလွှမ်းမိုးမှုနှင့် ရင်ဆိုင်နေရပြီး အဆိုပါ မြစ်ရေသည် စိုးရိမ်ရေမှတ် အထက် မြင့်တက်နေသဖြင့် ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ မန္တလေး၊ မြစ်ငယ်၊ ဟင်္သာတ၊ ဇလွန်နှင့် ငါးသိုင်းချောင်း မြို့နယ်တို့ရှိ မြစ်ကမ်းအနီး နေထိုင်သူများ ရေဘေး အထူးသတိပြုရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.