Myanmar
မြန်မာနိုင်ငံ ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသူ ၂၁ ဦး ကို ဖော်ထုတ်ဖမ်းဆီးအရေးယူ
![](https://xinhuamyanmar.com/wp-content/uploads/2024/06/2i01.jpg)
ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)
ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသူ ၂၁ ဦးကို ဖော်ထုတ်ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (ဇွန် ၂ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
![](https://xinhuamyanmar.com/wp-content/uploads/2024/06/2i02.png)
ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသူများ စာရင်းအား တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့)
ရွှေစျေးကွက်အတွင်း အရောင်းအဝယ် တကယ်မဖြစ်သည့် လေပတ်ကားစျေးနှုန်းများကို လူမှုကွန်ယက်မီဒီယာများမှ ဝါဒဖြန့်ကာ ရွှေစျေးနှုန်းများအား စျေးကစားပြီး စီးပွါးရေးမတည်ငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ရာ တရားမဝင် ရွှေရောင်းဝယ်ရေးပြုလုပ်နေသည့် ပွဲစားများအပါအဝင် တရားခံ ၂၁ ဦးအား ဖော်ထုတ်ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးစစ်ဆေးရာတွင် ရွှေစျေးများမတည်ငြိမ်အောင် နောက်ကွယ်က ဆောင်ရွက်ခဲ့သည့် စိန်ကျော်မျိုးရွှေဆိုင်၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း၊ ခရမ်းသုံးခွရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင် ၊ အောင်သမာဓိရွှေဆိုင် ၊ ဝိန့်စိန်ရွှေဆိုင် ၊ ရွှေဇင်ဝင်း ရွှေသန့်စင်လုပ်ငန်းနှင့် ပွဲစား ၃ ဦး စုစုပေါင်း ၁၀ ဦးအား တရားဥပဒေနှင့် အညီ ခေါ်ယူစစ်ဆေးဆောင်ရွက်နိုင်ရေး ဆောင်ရွက်စဉ် ထွက်ပြေးထိမ်းရှောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်တွင်းရွှေ စျေးနှုန်းမတည်ငြိမ်အောင် ဆောင်ရွက်နေသည့် ဖမ်းဆီးရမိ တရားခံ ၂၁ ဦးအား တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံ ၁၀ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)