Connect with us

Media

အမေရိကန် နှင့် အနောက်နိုင်ငံများတွင် ဘဏ်တချို့ပြိုလဲမှုဂယက် ပြည်တွင်းရွှေဈေးမြင့်တက်

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

အမေရိကန် ဘဏ်နှင့် အနောက်နိုင်ငံက ဘဏ်တချို့ပြိုလဲမှုဂယက်ကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။
“ပြည်တွင်းမှာ ရွှေဈေးတွေတက်ရတာက အမေရိကန် ဘဏ်နဲ့ အနောက်နိုင်ငံက ဘဏ်တချို့ ပြိုလဲမှုဖြစ်ပြီး ဒေါ်လာ ကမောက်ကမဖြစ်တာပေါ့။
မြန်မာနိုင်ငံအနေနဲ့လည်း ဒေါ်လာကို အခြေခံပြီး တွက်ချက်နေရတာဖြစ်တဲ့အတွက် ဈေးနှုန်း ရိုက်ခတ်မှုဖြစ်တာမျိုးပါ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က မကြာသေးမီ ရက်ပိုင်းက ဆင်ဟွာသို့ပြောသည်။
“ရွှေဈေးနှုန်းများ တက်ပေမဲ့ ဈေးကွက် အသိုင်းအဝိုင်းမှာ အရောင်းအဝယ် နည်းပါးကာ ကမ္ဘာ့ရွှေဈေးတက်နေတဲ့ အတွက် နယ်စပ်ဖြတ်ကျော် အရောင်းအဝယ်ဖြစ်မှာစိုးရိမ်မှုများကြောင့်ပြည်တွင်းမှာပါ ဈေးလိုက်တက်တဲ့ သဘောပါ။ အရောင်းအဝယ်မဖြစ်ဘူးဟု “ရွှေလုပ်ငန်း လုပ်ကိုင်သူအချို့က သုံးသပ်ကြသည်။ (Xinhua)