Connect with us

Myanmar

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၌ တရားမဝင်သိုလှောင်ထားသည့် ငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန် ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော ထိန်းချုပ်ဓာတုပစ္စည်း တွေ့ရစဉ်(ဓာတ်ပုံ-CCDAC MYANMAR )

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန််မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၂ လမ်း၊ ၁၃၉ လမ်းထောင့်ရှိ ဂိုဒေါင်တစ်လုံးအား သတင်းအရရှာဖွေရာ ဂိုဒေါင်အတွင်း တရားမဝင် သိုလှောင်ထားသည့် ငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMARမှ ယနေ့( ဖေဖော်ဝါရီ ၂၇ ရက်)ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၄ နာရီခွဲအချိန်တွင် အဆိုပါ ဂိုဒေါင်အတွင်းရှာဖွေရာ တရားမဝင် သိုလှောင်ထားသော ဆာလာအိတ် ၂၀၀ ဖြင့်ထည့်ထားသည့် ဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ကဖင်းများအား မန္တလေးတိုင်းဒေသကြီး မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ယင်းဖြစ်စဉ်တွင် သံသယရှိသူတစ်ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)