Connect with us

Myanmar

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာ

မြန်မာနိုင်ငံရှိ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာသော ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-MRTV)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့အား ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) တွင် စစ်အုပ်ချုပ်ရေး Martial Law ထုတ်ပြန်ကြေညာလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ စစ်အုပ်ချုပ်ရေးအမိန့်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် အချိန်နှင့်တပြေးညီ ပြောင်းလဲဖြစ်ပေါ်နေသည့်အခြေအနေများပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း ၊ စစ်နယ်မှူးများကို တာဝန်ပေး၍သော်လည်းကောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်၌
စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်ကြောင်း ဖော်ပြထားသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် နယ်မြေအတွင်းရှိ ဒေသအုပ်ချုပ်ရေးအဖွဲ့အသီးသီးအနေဖြင့် ၎င်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို တိုင်းမှူး၏ ကွပ်ကဲမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊အုပ်ချုပ်ရေးအနေဖြင့် လုံခြုံရေး၊ လူမှုရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးတို့ကို တိုင်းမှူးက မိမိကိုယ်တိုင်ဖြစ်စေ၊ တိုင်းမှူးမှ တာဝန်လွှဲအပ်ထားသော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်ပြီး တရားစီရင်ရေးနှင့် ပတ်သက်၍ အရပ်ဖက် တရားရုံးများအပြင် စစ်ခုံရုံးဖြင့်လည်း ပြစ်မှု စီရင်နိုင်ကြောင်း သိရသည်။ (Xinhua)