Connect with us

Myanmar

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက် အတွက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော်သို့ တက်ရောက်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်လယ်များတွင် လယ်သီးထပ်စိုက်ပျိုးနိုင်ရေး နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး (၇/၁/၂၀၂၅ – MOI)

-ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ် (လွိုင်ကော်) နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်ချီးမြှင့်
(၇/၁/၂၀၂၅ – MOI)

-အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း (၆)လ (ဒုတိယအကြိမ်) သင်တန်းဆင်း (၇/၁/၂၀၂၅ – MOI)

-ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံစိုက်ခင်းများအား ကြည့်ရှုအားပေး (၇/၁/၂၀၂၅ – MOI)

-ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ “၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်” အခမ်းအနားသို့ တက်
ရောက်ချီးမြှင့် (၇/၁/၂၀၂၅ – MOI)

-အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများမှ ရေဘေးသင့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေးကူညီမှု အကျိုးခံစားခွင့် ၄၀% ခွင့်ပြုထုတ်ပေးရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် (၇/၁/၂၀၂၅ – MOI)

-မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ဆောင်းခိုငှက်၊ ရေပျော်ငှက်နှင့် ငှက်မျိုးစိတ် (၁၁၅) မျိုး လာရောက်ဆောင်းခို ( ၇/၁/၂၀၂၅ – MRTV)

-ဆန်စပါးသိုလှောင်ရုံပေါင်း (၄၀၇၈) ရုံမှတ်ပုံတင်ထားပြီး မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိသူများကို စာဖြင့်သတိပေးခြင်း၊ ဆန်စပါးလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ လုပ်ကိုင်ခွင့်ယာယီပိတ်သိမ်းခြင်းတို့ကို ပြုလုပ်သွားမည်
( ၇/၁/၂၀၂၅ – MRTV)

-ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေးသို့ တစ်ရက်လျှင် ရေထွက်ကုန် နေ့စဉ်ကုန် ပိဿာချိန်(၃)သိန်း ဝင်ရောက်ဖြန့်ဖြူးလျက်ရှိ ( ၇/၁/၂၀၂၅ – MRTV)