Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသည့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို ၅ သိန်းကျော်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော် မုံရွာမြို့အဝင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသည့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို ၅ သိန်း ကျော်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

” တစ်တိုင်းလုံးမှာ အသက် ၆၀ အထက် ၅၄၀,၀၀၀လောက်ရှိမယ်၊ ကော်မရှင်အဖွဲ့ခွဲတွေမှာ ကြိုတင်မဲတွေ ပေးဖို့ စီစဉ်ပေးထားပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ဆင်ဟွာသို့ပြောသည်။စစ်ကိုင်းတိုင်းဒေသကြီးအတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇,၅၇၈,၂၄၃ဦးရှိပြီး မဲရုံပေါင်း ၄၀,၁၇၇ ရုံရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

COVID-19ကြောင့် သက်ဆိုင်ရာမဲဆန္ဒနယ်ကို ပြန်ပြီး မဲမပေးနိုင်သူများ၊ အသက်(၆၀)အထက် သက်ကြီးရွယ်အိုများ၊ Quarantineဝင်နေရသူများအနေဖြင့် အောက်တိုဘာ(၂၅)ရက်မှ နိုဝင်ဘာ(၇)ရက်အထိ ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း သိရသည်။

Stay at Homeမြို့နယ်များတွင် နေထိုင်သည့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများအား သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကြိုတင်မဲရယူမည်ဖြစ်ပြီး အခြားမြို့နယ်များက သက်ကြီးရွယ်အိုများသည် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ သွားရောက်ပြီး ကြိုတင်မဲပေးရမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ၌ ရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ညှိနှိုင်းထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်ရန် လူ(၃၀)ဦးထက်ပိုပြီး စုဝေးခြင်းကို ခွင့်ပြုကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ (Xinhua)