Connect with us

Politics, Law & Military

ပြည်ထောင်စု လွှတ်တော် သက်တမ်း ကျန်ရှိသည့် ကာလအတွင်း ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းများအား ပြည်ထောင်စု လွှတ်တော်မှ ကြေညာချက် ထုတ်ပြန်

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်း ကျန်ရှိသည့် ကာလအတွင်း လွှတ်တော်ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်း ၅မျိုး ကို ဦးစားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်မှ ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ လုပ်ငန်း ၅ မျိုးမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေ ပြဌာန်းရေး ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပြည်ထောင်စု လွှတ်တော်မှ ဆောင်ရွက် ပေးရမည့် ကိစ္စများ၊ လွှတ်တော် အသီးသီးရှိ ဆောင်ရွက်ဆဲ ဥပဒေကြမ်းများ အနက်မှ ဦးစားပေး ဆောင်ရွက်ရမည့် ဥပဒေကြမ်းများ ကိစ္စ၊ လွှတ်တော် အသီးသီးသို့ ပေးပို့ထားသော နည်းဥပဒေများ ပြင်ဆင်ရန် ရှိက ဆက်လက် ဆောင်ရွက်ရန် ကိစ္စ၊ အခြားသော လွှတ်တော် ဆိုင်ရာ လုပ်ငန်းများ ဟူ၍ ဖော်ပြ ပါရှိသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းအား အောက်တိုဘာလ ၃၀ ရက်နေ့တွင် နောက်ဆုံးထား ပေးပို့ရန် အောက်တိုဘာလ ၅ ရက်နေ့ တွင် ပြည်ထောင်စု အစိုးရအဖွဲ့ နှင့် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများသို့ ဆက်သွယ် ဆောင်ရွက်ထားကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ပြင်ဆင်ရမည့် ဥပဒေများရှိပါက အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရန် စာပို့ထားပြီး ဖြစ်ကြောင်း ၊ ဆောင်ရွက်ဆဲ ဥပဒေကြမ်းများ၊ နည်းဥပဒေများ၊ အခြားသော လွှတ်တော် ဆိုင်ရာ လုပ်ငန်းများ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော် အလိုက် စိစစ် ဆောင်ရွက်ခြင်းများ ပြုလုပ်နေကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)