Connect with us

Politics, Law & Military

မြစ်ကြီးနားမြို့၌ သိန်း ၂၇၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ငလျင်တိုင်းတာမှု ပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ သိန်း ၂၇၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဇန်နဝါရီ ၉ရက်၌ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအနီး၊ မဒိန်ကျေးရွာနှင့် လဘန်ကျေးရွာသွားတောလမ်းတွင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းတို့နှစ်ဦးကြားရှိ ကျောပိုးအိတ်အတွင်း ဆပ်ပြာခွက် ၁၁ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ဝ.၁၂၁ ကီလိုနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ နှစ်ဦးကို စစ်ဆေးရာ နေအိမ်တွင် ကျန်ရှိသေးကြောင်းပေါ်ပေါက်၍ ၎င်းတို့နှစ်ဦးနေထိုင်သည့်နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းမျက်နှာကျက်ပေါ်ရှိ ပီနံအိတ်များအတွင်း ဆပ်ပြာခွက် ၃၀၄ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၃.၃၄၄ ကီလို၊ စုစုပေါင်းဘိန်းဖြူအလေးချိန် ၃.၄၆၅ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၇၇၂ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ ဖမ်းဆီးရမိသော တရားခံများအား ဝိုင်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)