Connect with us

Politics, Law & Military

ရန်ကုန်ဆိပ်ကမ်း များသို့ ရောက်ရှိပြီး တစ်နှစ်ကျော် ကြာသည်အထိထုတ်ယူခြင်းမရှိသည့်မော်တော်ယာဉ် နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းမည်

ရန်ကုန်ဆိပ်ကမ်းတွင်ရောက်ရှိနေသည့်မော်တော်ယာဉ်များအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်ဆိပ်ကမ်း များသို့ ရောက်ရှိပြီး တစ်နှစ်ကျော် ကြာသည်အထိ လာရောက် ထုတ်ယူခြင်း မရှိသည့် မော်တော်ယာဉ် အစီးရေ ၁၃ဝဝ နီးပါးရှိပြီး လာရောက် ထုတ်ယူခြင်း မရှိသည့် ယာဉ်များကို ဒဏ်ကြေးဖြင့် ပြန်လည် ထုတ်ယူခွင့် ပေးမည် မဟုတ်ဘဲ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့၌ မော်တော်ယာဉ်တင် သင်္ဘောများ ဆိုက်ကပ်ခွင့် ရသည့် ဆိပ်ကမ်းများ အနေဖြင့် မြန်မာ အပြည်ပြည် ဆိုင်ရာ သီလဝါဆိပ်ကမ်း၊ အမှတ် (၄) သီလဝါဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ အေးရှားဝေါ ကုန်သေတ္တာ စစ်ဆေးရေး စခန်းနှင့် ထီးတန်း ဆိပ်ကမ်းဟူ၍ ဆိပ်ကမ်း ၇ ခုရှိပြီး အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း နှင့် အမှတ်(၄) သီလဝါ ဆိပ်ကမ်းတို့မှာ မော်တော်ယာဉ်တင် သင်္ဘော ဝင်ရောက်မှု အများဆုံးဖြစ်သည်။

လက်ရှိတွင် ထီးတန်းဆိပ်ကမ်း ၊ အေးရှားဝေါ ကုန်သေတ္တာ စစ်ဆေးရေး စခန်း ၊ မြန်မာ့ စက်မှုဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း နှင့် ဗိုလ်တထောင် ဆိပ်ကမ်းတို့၌ ရောက်ရှိပြီး တစ်နှစ်ကျော်ကြာ သည်အထိ လာရောက် ထုတ်ယူခြင်း မရှိသည့် မော်တော်ယာဉ် အစီးရေ ၁၂၇၀ ကျော်ရှိပြီး ယင်း မော်တော်ယာဉ် များကို လေလံတင် ရောင်းချရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်း များသို့ ရောက်ရှိပြီး မော်တော်ယာဉ် များကို ရက်ပေါင်း ၆ဝ ထားခွင့်ရှိကာ ရက်ပေါင်း ၆ဝ ကျော်ပါက လေလံတင် ရောင်းချမည့် စာရင်းအတွင်း ထည့်သွင်း သတ်မှတ် သွားမည်ဖြစ်သည်။ ထို့ပြင် တစ်နှစ် ကျော်လွန်သည် အထိ လာရောက် ထုတ်ယူခြင်း မရှိဘဲ ဆိပ်ကမ်း၌ ထိန်းသိမ်း ထားရသော မော်တော်ယာဉ် များကို ပိုင်ရှင် ဖြစ်သူက စွန့်လွှတ်ပြီး ဖြစ်သည်ဟု ယူဆကာ နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.