Connect with us

Politics, Law & Military

လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ် ၁၅၀ထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်  ထပ်မံ ပေးမည်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သော မီတာခကင်းလွတ်ခွင့် ကြေညာချက်အားတွေ့ရစဉ်

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁ ယူနစ်မှ ၁၅၀ ယူနစ်ထိ စုစုပေါင်း (၁၅၀) ယူနစ်ကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ထပ်မံ ပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

Coronavirus Disease 2019 (COVID – 19) ရောဂါ ကာကွယ် ထိန်းချုပ်ရေး တိုးမြှင့်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် မေလ (၁) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ ကာလအတွင်း ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်း များနှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ(မပါ)) အား ထပ်မံကင်းလွတ်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သော မီတာခကင်းလွတ်ခွင့် ကြေညာချက်အားတွေ့ရစဉ်

လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက် ဓာတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခ အပါ အဝင် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ပြီး (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲသူများကို ယူနစ် (၁၅၀) အတွက် ဓာတ်အားခကျသင့်ငွေ (၁၁၅၅ဝိ/-) ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ကြောင်း သိရသည်။

အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွှာလိုက်သတ်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း  သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။လျှပ်စစ်မီတာသုံးစွဲခွင့်များအား ပထမအကြိမ် ကင်းလွှတ်ခွင့်ပေးစဉ်က ပြည်သူများအကြားဝေဖန်မှုမြင့်တက်ခဲ့သည့်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မီတာသုံးစွဲသည့် ယူနစ်တွက်ချက်ပုံများအား သတင်းထုတ်ပြန်ချက်တွင် တရားဝင်ဖော်ပြထားကြောင်း သိရသည်။(Xinhua)