Connect with us

Politics, Law & Military

သဘာဝ ဘေးအန္တရာယ် ဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန် မရှိဟု ကော်မရှင် ဥက္ကဌ ပြောကြား

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ရွေးကောက်ပွဲ ကော်မရှင် ရန်ကုန်ရုံး ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနှံ့ မိုးကြီးရေလျှံမှုများကြောင့် သဘာဝ ဘေးဒဏ်ကျရောက်နေသော်လည်း ယခုနှစ် နိုဝင်ဘာတွင် ပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန် မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီနှင့် အဖွဲ့အား သြဂုတ်လ ၆ ရက် နေပြည်တော်၌ တွေ့ဆုံခဲ့စဉ် ထည့်သွင်း ပြောကြားခဲ့သည်။

သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း ယခုဖြစ်စဉ်မှာ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့်ရက်ပေါင်း ၉၀ ခန့် ဝေးကွာ သေးသဖြင့် ရွှေ့ဆိုင်းရန် အကြောင်း မရှိပါကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားခဲ့သည်။

ယခုနှစ် ကျင်းပမည့် လွှတ်တော် အသီးသီးအတွက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည် ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သတ်မှတ်ထားသည့် မဲဆန္ဒ နယ်မြေများထဲတွင် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် (၃၃၀) နယ် ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၆၈) နယ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၆၄၄) နယ်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (၂၉) နယ် ၊ စုစုပေါင်း (၁,၁၇၁) နယ်မြေ ရှိသည်။

ရွေးကောက်ပွဲတွင် ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရှိပြီး ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များသည် တစ်နိုင်ငံလုံး အန့ှံ သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေအလိုက် ရွေးကောက်ပွဲ စည်းရုံးခြင်း (Election Campaign) ကို စက်တင်ဘာလ ၈ ရက်နေ့မှ စတင် ပြုလုပ်နိုင်သည်။ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် ပါတီပေါင်း ၈၉ ခု ရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117