Connect with us

Politics, Law & Military

သမ္မတ ဦးသိန်းစိန် ကတိ ပေးထားသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ကိစ္စကို လုပ်ဆောင်မည်ဟု ထပ်လောင်း အတည်ပြု ပြောကြား

မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် နေပြည်တော်တွင်ကျင်းပသော BIMSTEC – Summit သတင်းစာ ရှင်းလင်းပွဲ တက်ရောက်စဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

သမ္မတ ဦးသိန်းစိန် အနေဖြင့် နောင်လာမည့် မျိုးဆက်များ အတွက် ကောင်းမွန်သည့် အနာဂတ် တည်ဆောက်ရေး ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များအပေါ် လုပ်ဆောင်သွားမည်ဟု မတ်လ (၁) ရက်နေ့ ၌ ၎င်း၏ လစဉ် ပြုလုပ် နေကြ ရေဒီယို မိန့်ခွန်းတွင် ထပ်လောင်း အတည်ပြု ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် အတူကပ်ပါလာသည့် ပြည်တွင်းစစ် နှင့်ပတ်သက်ပြီး လက်နက်ကိုင် တိုက်ပွဲများ ပြီးဆုံးရန် အစိုးရက စေ့စပ်ညှိုနှိုင်းမှုများ ပြုလုပ်မည်ဟု ကတိပေးပြီး ဖြစ်ကြောင်း ဆိုသည်။

ယခု မတ်လ အလယ်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ငြိမ်းချမ်းရေး ညှိုနှိုင်း ဆွေးနွေးမှု ပြုလုပ် သွားမည် ဖြစ်ကြောင်း လည်း ပြောကြား ခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွား ခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် နိုင်ငံ အချုပ်အခြာအာဏာ ကို လျော့ပါးစေမည့် ကိစ္စရပ်များ၊ လူထု၏ အသက်၊ အိုးအိမ် စည်းစိမ် လုံခြုံမှု ရှိစေရန် နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေး များ ကို လက်နက်ကိုင် အကြမ်းဖက် နည်းဖြင့် ထိပ်တိုက် ရင်ဆိုင်လာမှုကို တပ်မတော်နှင့် လုံခြုံရေး အင်အားစုများသည် အလျှင်အမြန် တုန့်ပြန် ကြိုးပမ်းခဲ့ရ ကြောင်း ဆိုသည်။

ကိုးကန့်ဒေသ တိုက်ပွဲ များနှင့် ပတ်သက်ပြီး နယ်စပ်ဒေသများ တည်ငြိမ်ရေး အတွက် မြန်မာ-တရုတ် နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေး မူ ( ၅) ချက် နှင့် အညီ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီ ပြီး ဖြစ်သည်ဟု ပြောကြား ခဲ့ပြီး ကိုးကန့် ဒေသကို မူလ အခြေအနေ ပြန်လည်ရောက်ရှိအောင် ထိန်းချုပ် နိုင်ပြီ ဖြစ်ကြောင်းလည်း ဆိုသည်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရာတွင် ချောမွေ့စေရန် ပညာရေး ဝန်ကြီးဌာနက ကျောင်းသားများ နှင့် အရပ်ဘက် အဖွဲ့အစည်းများထံမှ အကြံပြုချက်များရယူပြီး လွှတ်တော်တွင်လည်း ထို ပြုပြင် ပြောင်းလဲရေး ကို အသေးစိတ် ဆွေးနွေး နေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံသားများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးစနစ်ကို အဖွဲ့အစည်းများ အားလုံးအနေဖြင့် ပါဝင်ပြီး အပြန်အလှန် ဆွေးနွေးခြင်းကို အားပေးရန် တွန်းအားပေးခဲ့သလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခိုင်မြဲ စေရန်အတွက် ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နေကြောင်းလည်း ပြောကြား ခဲ့သည်။

အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်ပြီး အစိုးရ အနေဖြင့် လက်ရှိတွင် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဖြစ်ပွားနေသည့် သဘောမတူညီမှုများကို တွေ့ဆုံ ဆွေးနွေးမှုများနှင့် ဖြေရှင်းနေ ကြောင်းလဲ ဆိုသည်။

နိုင်ငံသားဖြစ်ခွင့်နှင့် စပ်လျဉ်းပြီး အစိုးရဌာနများ အနေဖြင့် နိုငံသား အတည်ပြု စစ်ဆေးခြင်း ဆောင်ရွက် နေစဉ် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူများ ရသင့်ရထိုက်သည့် အခွင့်အရေး မဆုံးရှုံးစေရန် အဖွဲ့အစည်း အသီးသီးက အကူအညီ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ယာယီ သက်သေခံလက်မှတ် (White Card) များ၏ သက်တမ်းမှာ ယခုလ နောက်ဆုံးပတ်တွင် သက်တမ်းကုန်ဆုံး မည်ဖြစ်ကြောင်း ဆိုသည်။

လာမည့် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ပြုလုပ်ရန် လျာထားပြီး နိုင်ငံရေး ခေါင်းဆောင်များနှင့် အရပ်ဘက် အဖွဲ့အစည်းများ အတူတကွ အောင်မြင်စွာ ဆောင်ရွက်ရန် သမ္မတက တိုက်တွန်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.