Connect with us

Politics, Law & Military

လောက်ကိုင် ဒေသတွင် မြန်မာ နယ်စပ်ဂိတ် နှစ်ခု ပြန်လည် ဖွင့်လှစ်

လောက်ကိုင်မြို့တွင်ဒေသခံများ သွားလာနေစဉ်

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှ့မြောက်ပိုင်း လောက်ကိုင် ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားစဉ်က ပိတ်ထားခဲ့သည့် နယ်စပ်ဂိတ် နှစ်ခုကို မြန်မာ အာဏာပိုင်များမှ ပြန်လည် ဖွင့်လှစ်လိုက်ပြီး ဖြစ်ကြောင်း တပ်မတော်၏ မီဒီယာ တစ်ခု ဖြစ်သည့် မြဝတီ နေ့စဉ်သတင်းစာတွင် မတ်လ (၇)ရက်နေ့တွင် ဖော်ပြထားသည်။

မတ်လ (၆) ရက်တွင် နယ်ကြား အမှတ် ၁၂၅ နှင့် ရန်လုံကြိုင်း နယ်စပ် စစ်ဆေးရေးဂိတ်မှ လောက်ကိုင်သို့ ပြန်လာသော ဒုက္ခသည် (၁၈၀) ဦးရှိသည်ဟု ၎င်းသတင်းစာတွင် ဖော်ပြထားသည်။

အိမ်ထောင်စု (၉၄၆) စု မှ လူဦးရေ ၂,၇၄၆ ဦးသည် ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားကြပြီ ဖြစ်ကြောင်း ဆိုသည်။ ကဏ္ဍ အသီးသီးတွင် ပြန်လည်ထူထောင်ရေးနှင့် လုံခြုံရေးများ ဆောင်ရွက်ရန် အတွက် ဒေသတွင်း၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးများ ပြန်လည်ရရှိရန် လိုအပ်ကြောင်း အစိုးရမှ ပြောကြားခဲ့သည်။

လောက်ကိုင်ဒေသ ပြန်လည် တည်ငြိမ်လာပြီဟု အစိုးရမှ အခိုင်အမာ ပြောကြား ထားသော် လည်း အစိုးရတပ်များသည် လောက်ကိုင် ဒေသအနီးအနားတွင် ပုန်းအောင်းနေသော ကိုးကန့်အဖွဲ့များအား ပိုက်စိပ်တိုက် ရှာဖွေနေသောကြောင့် ပြီးခဲ့သည့် ရက်များတွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲများ ကြိုကြားကြိုကြား ထပ်မံဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် တစ်ပတ်က ကိုးကန့် အဖွဲ့များအား ၎င်းတို့ အခြေချထားသည့် ပွိုင့် ၁၇၈၉ တောင်ကုန်း မှ ဆုတ်ခွာ သွားရန် အစိုးရတပ်မှ လက်နက်ကြီးများနှင့် ထိုးစစ်ဆင်ခဲ့ပြီး ၎င်းတိုက်ခုက်မှုနှင့် ကိုးကန့်ဒေသရှိ မဟာဗျူဟာကျသည့် တောင်ကုန်းများကို ပြန်လည် သိမ်းယူနိုင်မည် ဖြစ်ကြောင်း အစိုးရတပ်ဖွဲ့မှ ပြောကြားခဲ့ သေးသည်။

ထိုတောင်ကုန်းများကို သိမ်းယူနိုင်သည့် အတွက် အစိုးရအနေဖြင့် လောက်ကိုင်-ကုန်းကြမ်း ဆက်သွယ်ရေး လမ်းကြောင်းကို လုံခြုံစွာ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၉) ရက်နေ့မှစ၍ ကိုးကန့်ဒေသ၏ လောက်ကိုင်၊ ကုန်းကြမ်း၊ ရန်လုံကြိုင်း တို့၌် တပ်မတော်နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့အကြား ပြင်းထန် သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ သည်။

၎င်းတိုက်ပွဲများကြောင့် ထောင်ပေါင်း များစွာသော ဒေသခံပြည်သူများသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် တရုတနိုင်ငံထဲသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.