Connect with us

Media

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းသား/သူ ၁.၃၄ သန်းကျော် ကျောင်းမတက်ရောက်နိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းသား/သူ ၁.၃၄ သန်းကျော် ကျောင်းတက်ရောက်ရန် ပျက်ကွက်ခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယခုနှစ် ပညာသင်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိအခြေခံကျောင်းများအနေဖြင့် ကျောင်းအပ်နှံသူ ၈ သန်းကျော်ရှိခဲ့ရာ ယနေ့အချိန်တွင် ၆ သန်းကျော်သာ ကျောင်းတက်ရောက်လျက်ရှိသောကြောင့် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းတက်ရန် ပျက်ကွက်သူ ၁.၃၄ သန်းကျော်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကျောင်းတက်ရန်ပျက်ကွက်သည့်ဒေသများသည် ကရင်ပြည်နယ် ဒေသအချို့၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတို့တွင် ဖြစ်နေကြောင်း၊ တိုက်ပွဲများဖြစ်ပွားပြီး တည်ငြိမ် အေးချမ်းမှုမရှိခြင်း၏ ရလဒ်များဖြစ်သည်ကို ထင်ရှားစွာသိနိုင်ကြောင်း ၎င်းကဆိုသည်။

တက္ကသိုလ်များအနေဖြင့်လည်း ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းဖွင့်ချိန်တွင် စတင်တက်ရောက်သူ ၁၁၂၉၆၈ ဦးရှိခဲ့ပြီး ယနေ့အချိန်တွင် အေးချမ်းစွာပညင်ကြားလျက်ရှိသူ ၈၆၆၈၇ ဦး ရှိသောကြောင့် ပျက်ကွက်သူ ၂၆၂၈၁ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၂၃ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

လွိုင်ကော်တက္ကသိုလ် အနေဖြင့်မူ ၁၀၀ ရာခိုင်နှုန်း တက်ရောက်နိုင်ခြင်းမရှိဘဲ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်ရှိသည့် တက္ကသိုလ်များတွင်လည်း ကျောင်းတက်ရန်ပျက်ကွက်မှု ရာခိုင်နှုန်းအများဆုံး ဖြစ်သည်ကို တွေ့ရှိရကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117