Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ဥပဒေရေးရာနှင့် လေ့လာသုံးသပ်ရေးအဖွဲ့ဖွဲ့စည်း

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကျင်းပစဉ်(ဓာတ်ပုံ-ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ဥပဒေရေးရာနှင့် အခြားလိုအပ်သည့် ကိစ္စများအတွက် အကြံပေးရန်အတွက် ဥပဒေရေးရာနှင့် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့တွင် ပါမောက္ခဒေါက်တာအောင်ထွန်းသက် ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အငြိမ်းစားအရာရှိ စုစုပေါင်း ရှစ်ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ဥပဒေရေးရာနှင့် လေ့လာသုံးသပ်ရေးအဖွဲ့ဖွဲ့စည်း၏ လုပ်ငန်းတာဝန်များသည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဖွဲ့စည်းထားသော ကော်မတီများနှင့် အဖွဲ့များ၏ ဥပဒေရေးရာများ၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ၊ ဈေးကွက်သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ငွေစာရင်းပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် လျှပ်စစ်ဓာတ်အားပေးဆိုင်ရာ ကိစ္စရပ်များအပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဆိုင်သော ကိစ္စရပ်များ အကူအညီတောင်းခံလာပါက ပေါင်းစပ်ညှိုနှိုင်းပေးရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.